အခန်း ၁၇၆

40 7 0
                                    

Frau အတွက် အရာအားလုံးက လွဲချော်သွားခဲ့သည်. တကယ်လို့ Poliana က သူအလုပ်လိုချင်လို့သာဖြစ်တယ်လို့ မယူဆခဲ့မိဘူးဆိုရင်တော့ သူက သူ့ရဲ့နဂိုအစီအစဉ်အတိုင်း Poliana ကို တဖြည်းဖြည်းသိမ်းသွင်းဖို့ ဆက်ပြီး ကြိုးစားမိမှာဖြစ်သည်. ကံမကောင်းစွာနဲ့ Poliana က ယောက်ျားနဲ့မိန်းမဆက်ဆံရေးနဲ့ပတ်သက်လာရင် အလွန်အမင်းတုံးအနေခဲ့သည်. Frau ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာကိုတောင် သူမ မသိခဲ့ပေ. Frau က ဘာလို့ သူမရဲ့အာရုံစိုက်မှုကို လိုချင်ရတာလဲ. ပြီးတော့ သူ့ကိုယ်သူ သင့်တော်တဲ့ခင်ပွန်းလောင်းဖြစ်တယ်ဆိုတဲ့အချက်ကို အတင်းပြောပြနေရတာလဲ... အဲ့ဒီအချက်တွေအစား သူက အလုပ်လိုချင်တဲ့ သမားတော်တစ်ယောက်ဖြစ်တယ်လို့ပဲ Poliana က မြင်ခဲ့တာဖြစ်သည်.

ဒီဖြစ်ရပ်တစ်ခုလုံးက အစတည်းကနေ ပျက်စီးသွားတာဖြစ်သည်. Poliana က သူ့ထက်စောပြီး ကြိုရောက်လာသလို. သူတို့စားနေတဲ့အချိန်မှာလဲ Poliana က သူမအစားကိုသာ အာရုံစိုက်ခဲ့ပြီး Frau ကို တစ်ချက်လေးတောင်မှ မကြည့်ခဲ့ပေ.

သူတို့ စားလို့ပြီးသွားတဲ့အချိန်မှာ Frau က နောက်ထပ်ချိန်းဆိုမှုအတွက် မေးမြန်းဖို့ လုပ်လိုက်ပေမဲ့ Poliana က လစာစတင်ညှိနှိုင်းလာသည်. Frau က ထိတ်လန့်တွေဝေသွားကာ သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ပြောမိသွားသည်.

သူ့အတွက် အားလုံးပြီးဆုံးသွားခဲ့ပြီ.

Frau က သူမကို ပြောလိုက်သည်.

"Marquess. ကျွန်တော့်မိသားစုက ကျွန်တော့်ကို မောင်းထုတ်ထားတာဆိုတော့ ကျွန်တော့်မိသားစုနာမည်ကို ခင်ဗျားရဲ့မိသားစုနာမည်ပြောင်းလိုက်လို့ရတယ်. ပြီးတော့ ကျွန်တော်က အထက်တန်းလွှာတစ်ပိုင်းဆိုတော့ တကယ်လို့ ခင်ဗျား ကျွန်တော့်ကို လက်ထပ်လိုက်ရင် ကျွန်တော့်ရဲ့ အထက်တန်းလွှာအဆင့်အတန်းကို အသိအမှတ်ပြုလာကြမှာ.. ကျွန်တော့်မှာ ကလေးမရှိလဲ ကိစ္စမရှိပါဘူး. ကျွန်တော်က သမားတော်အဖြစ် ဆက်လုပ်မယ် ပြီးတော့ ခင်ဗျားလဲ ဒုတိယတပ်ဖွဲ့ကို ဆက်ပြီးခေါင်းဆောင်လို့.ရတယ်. ဒါကြောင့် ကျွန်တော်.."

သူက စကားပြောနေရင်းနဲ့ အသံက တဖြည်းဖြည်း တိုးတိုးသွားသည်. သူမက ချမ်းသာတဲ့အတွက်ကြောင့် သူမရဲ့အသုံးချတာကိုခံဖို့ သဘောတူတယ်လို့ သူက ပြောနေတာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Tahanan ng mga kuwento. Tumuklas ngayon