အခန်း ၁၂၄

66 8 2
                                    

တစ်ရက်မှာတော့ Poliana က လမ်းလျှောက်နေတုန်း Sir Ainno ကို တွေ့လိုက်ရသည်. သူထွက်သွားပြီးတဲ့နောက်မှာ ကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့သည်. သူ မရှိတဲ့အချိန်မှာတော့ အထူးတပ်ဖွဲ့က စစ်သည်တွေက Sir Mahogal ကို စိတ်အနှောင့်အယှက်ပေးရင်းနဲ့ အချိန်တွေကို သက်တောင့်သက်သာနဲ့ ကုန်ဆုံးနေခဲ့ကြသည်.

Sir Ainno က အခုထိ ဘယ်သွားပြီး ဘာလုပ်နေခဲ့လဲဆိုတာကို ဘယ်သူမှ မသိကြပေ. သူက ဧကရာဇ်ကိုတောင် အသေးစိတ်သတင်းမပို့ပေမဲ့ သူက အရင်လိုပဲ ယုံကြည်ချက်အပြည့် ရှိနေပုံရသည်.

အခုတောင် Sir Ainno က မာနတခွဲသားပုံစံနဲ့ Poliana ကိုကြည့်ကာ ပြောလိုက်သည်.

"မင်းတပ်ဖွဲ့က လူတွေကို သေချာအုပ်ချုပ်သင့်တယ်"

'စောက်ကောင်စုတ်'

Sir Ainno က သူမကို မျက်မှောင်ကြုံ့ပြီး ကြည့်နေကာ Poliana က သူ့လိုပဲ လုပ်လိုက်သည်. သူတို့က တစ်ယောက်နဲ့တစ်ယောက် သတ်တော့မလို စိုက်ကြည့်နေကြသည်. Poliana က နောက်ဆုံးတော့ ပြန်ပြောလိုက်သည်.

"ရှင့်ကိုလဲ အတူတူပဲပြန်ပြောချင်တယ် Sir Ainno"

Sir Ainno ရဲ့ စစ်သည်တွေကို အရည်အချင်းတစ်ခုတည်းကိုသာ ကြည့်ပြီး ရွေးချယ်ထားခဲ့တာဖြစ်သည်. ဒီစစ်သည်တွေက Sir Ainno ရဲ့အမိန့်ကို နာခံကြပေမဲ့ Sir Mahogal ရဲ့စကားကိုတော့ နားမထောင်ကြပေ. Sir Ainno မရှိတဲ့အချိန်အတောအတွင်းမှာ Sir Mahogal က ဒီလူတွေကို အုပ်ချုပ်ဖို့ခက်ခဲတဲ့ အချိန်တွေရှိခဲ့သည်. သူက အလုပ်များလွန်းတာကြောင့် သူ့အိမ်ကိုတောင် တစ်ခါမှ မပြန်ဖြစ်ခဲ့ပေ.

Poliana က သူမကို ပြောဆိုလာတာကို ခုခံပြောရုံတင်မကပဲ သူမက Sir Ainno ကို မေးလိုက်သည်.

"ရှင်လက်မထပ်သေးဘူးလား Sir Ainno?"

"ငါကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့သူကို လက်ထပ်လို့ရတယ်"

Sir Ainno ကတော့ အေးဆေးပြန်ဖြေလာသည်. သူက ထပ်ပြောလိုက်သည်.

"ငါ အသက် ၄၀ လောက်ထိ အေးဆေးနေလို့ရသေးတယ်, ပြီးတော့မှ လက်ထပ်မှာပေါ့"

အသက် ၄၀ အရွယ်မှာ မိန်းမငယ်လေးတစ်ယောက်ကို လက်ထပ်မယ်? သူက တော်တော်လေး ကျက်သရေမရှိတဲ့ကောင်ပဲ. Lucius က ဒီအကြောင်းကို ကြားလိုက်တော့ သူကလဲ Poliana လိုပဲ တုန့်ပြန်လာသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now