အခန်း ၁၄၈

63 8 0
                                    

Poliana က စိတ်ပျက်သွားပြီး သူ့ဇနီးက တကယ်ကိုယ်ဝန်မရှိတာကို သိလိုက်ရလို့ Lucius အနေနဲ့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားမလဲဆိုတာကို သူမ သွားကြည့်စရာမလိုပဲ သိနိုင်သည်.

Poliana က ရေရွတ်လိုက်သည်

"ကလေးအကြောင်းသိရလို့ အရမ်းပျော်နေခဲ့တာ.."

Chail က ပြန်ဖြေလိုက်သည်.

"မင်းတော့ ပိုပြီးအလုပ်များတော့မယ် Marquess Winter"

"ဟမ်? ဘာလို့လဲ?"

"မင်းမတွေ့ဘူးလား? အမျိုးသမီး ၃ ယောက်pလုံးက ကလေးအရမ်းလိုချင်နေတာလေ. တစ်ယောက်ယောက်က သူမဆီမှာ ကိုယ်ဝန်ရှိနေပြီလို့သာ သိသွားကြည့်! အမျိုးသမီးတွေရဲ့နေရာမှာ အာဏာလွန်ဆွဲပွဲက ပြီးခဲ့တဲ့တစ်ခေါက်ထက် ပိုပြင်းထန်တော့မှာ. ခင်ပွန်းတစ်ယောက်နဲ့ ဇနီး ၃ ယောက်! သွေးချောင်းစီးတော့မှာပဲ!"

".. ရှင်တကယ်ကြီးပြောနေတာလား Master Chail?"

"မဟုတ်ပါဘူး. ငါ နောက်နေတာပါ ဒါပေမဲ့ မင်းအလုပ်များတော့မယ်ဆိုတာကတော့ အမှန်ပဲ"

သူဘာပြောချင်တာလဲဆိုတာကို သေချာမရှင်းပြပဲ Chail က သူ့အခန်းကို ပြန်သွားလိုက်သည်. သူထွက်သွားတော့ Poliana က Chail နဲ့ ရင်းနှီးတဲ့အစေခံတစ်ယောက်ကို မေးလိုက်သည်.

"ဟေး. မင်းရဲ့ဆရာ အခုတလော ဘာတွေဖတ်နေလဲ?"

"အော်.. Master Chail လား သူအခုတလော တော်ဝင်မိသားစုတွေရဲ့ အာဏာလွန်ဆွဲပွဲအကြောင်းပါတဲ့ ဝတ္ထုတွေဖတ်နေတာ အထူးသဖြင့် ဧကရာဇ်ရဲ့ ဇနီးနဲ့ ကိုယ်လုပ်တော်တွေကြားက အာဏာလုပွဲလိုမျိုး"

"သေလိုက်ပါတော့! ငါသိနေတယ်!!!"

Poliana က စိတ်ရှုပ်သွားပြီး အနီးနားက နံရံတစ်ခုက လက်သီနဲ့ထိုးလိုက်သည်. မောင်းမဆောင်နဲ့ပတ်သက်တဲ့ ကိစ္စတွေက အရမ်းအရေးကြီးတာကို Chail ကသိနေခဲ့တာတောင်မှ သူက ဒီလိုစနောက်နိုင်သေးသည်. တော်တော်ဆိုးတဲ့လူပဲ. Chail က ဒီဝတ္ထုတွေကို စွဲလန်းနေပြီးတော့ တကယ်လက်တွေ့ဘဝမှာ ဖြစ်လာနိုင်တာကြောင့် သူက စိတ်လှုပ်ရှားနေပုံရသည်.

'သူ့ရဲ့ အသုံးမကျတဲ့စာအုပ်တွေကို မီးရှို့ပစ်မှပဲ!'

Poliana က ဝတ်စုံလဲကာ အလုပ်လုပ်ဖို့ သွားလိုက်သည်. သူမရောက်သွားချိန်မှာတော့ Stra က သူမကိုယ်ဝန်ရှိနေတာမဟုတ်မှန်းသိလိုက်တာကြောင့် ငိုနေသည်. Lucius နဲ့ Tory က သူမကို နှစ်သိမ့်ပေးနေပြီး Rebecca ကိုတော့ မတွေ့ရပေ. Poliana က ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်တော့ Cekel က ရှင်းပြလာသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now