အခန်း ၇၉

81 14 0
                                    

Sir Ainno က ဒီနေ့ အတင်းနေခဲ့ရတဲ့အကြောင်းက သပ်သပ်ရှိသည်. Lucius က Sir Ainno ကိုယ်တိုင်ရွေးချယ်ထားတဲ့ လက်ရွေးစင် ၂၇ ယောက်နဲ့ အထူးတပ်ဖွဲ့ ဖွဲ့ချင်နေတာဖြစ်သည်. ဒါက သမရိုးကျအမိန့်မဟုတ်တာကြောင့် Acreia အတွက် စိတ်လှုပ်ရှားစရာဖြစ်လာမှာဖြစ်သည်

ဒီလိုအဖွဲ့ရဲ့ ပထမဆုံးခေါင်းဆောင်ဖြစ်ရတာကြောင့် သူ့အနေနဲ့အလုပ်ပိုများပြီး တာဝန်ပိုကြီးမယ်ဆိုတာ သိပေမဲ့ Sir Ainno က အလွန်အမင်းဂုဏ်ယူနေသည်

"ဒီစစ်သည်အဖွဲ့က အရမ်းဒုက္ခများတယ်အရှင်"

"မင်းလူတွေက မင်းအမိန့်နားမထောင်လို့လား?"

"ဒီအဖွဲ့အတွက် အမှတ်အသားဘာရွေးရမလဲဆိုတာ ကျွန်တော် စဉ်းစားနေတာ"

Lucius က စိတ်ရှုပ်လာသည်. သူက နိုင်ငံတကာနဲ့ ညှိနှိုင်းဖို့ အလုပ်များနေတဲ့အချိန်မှာ သူ့စစ်သည်က အမှတ်အသားရွေးဖို့ စိတ်ပူနေသေးတယ်. Lucius က ခွက်နဲ့ သူ့ကို ပစ်ပေါက်လိုက်တော့ Sir Ainno က အလွယ်တကူ ဖမ်းယူလိုက်သည်

"အရှင်! ဒါက အရမ်းအရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်လေ. ဒါက အရှင့်ရဲ့ ပထမဆုံးစစ်သည်အဖွဲ့ရဲ့ အမှတ်အသား. ကျွန်တော် ဘယ်သူမှ မသုံးဖူးတဲ့ အမှတ်အသားကို ရွေးဖို့လိုတယ်. တခြားဟာတွေနဲ့ လုံးဝကွဲပြားပြီးတော့ ထူးခြားမဲ့ဟာမျိုး"

ကောင်းမွန်တဲ့အမှတ်အသားတွေအားလုံးက တခြားတိုင်းပြည်က စစ်သည်အဖွဲ့တွေက အသုံးပြုနေကြပြီးသားဖြစ်သည်. ဝက်ဝံ, ဝံပုလွေ နဲ့ ဒရယ်တောင် ပါသေးတယ် Sir Ainno ရဲ့ အမှတ်အသားအသစ်က အဓိပ္ပါယ်ရှိတဲ့ အမှတ်အသားဖြစ်ဖို့လိုသည်. တခြားအဖွဲ့က သုံးပြီးသားလဲ ဖြစ်လို့မရပေ.

Sir Ainno က စိတ်ရှုပ်စွာနဲ့ သူ့ခေါင်းက ဆံပင်တွေကို ဆွဲနေလိုက်တယ်

'အမှတ်အသားက ဧကရာဇ်က ရွေးရမှာမဟုတ်ဘူးလား?'

အမှန်ကတော့ ဧကရာဇ်ကရွေးရမှာဖြစ်ပေမဲ့ Lucius က အလုပ်များနေတာကြောင့် Sir Ainno က ဒီတာဝန်ကို ယူလိုက်ရသည်. Sir Ainno က တခြားသူတွေရဲ့ အကြံဉာဏ်ကို မေးကြည့်သေးပေမဲ့ သူတစ်ခုမှ သဘောမကျချေ. တစ်ချို့လူတွေက သစ်ပင်တစ်ပင်ကို အမှတ်အသားအဖြစ်သုံးခိုင်းသည်. ဒါပေမဲ့ Sir Ainno က ခါးသီးစွာငြင်းဆိုခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now