အခန်း ၁၃၃

76 10 6
                                    

Poliana က ဧကရာဇ်နဲ့ ရင်းနှီးပြီး ဧကရာဇ်အယုံကြည်ဆုံးစစ်သည်တစ်ယောက်ဖြစ်တယ်ဆိုတာကို လူတွေက လက်ခံရုံကလွဲပြီး ရွေးစရာမရှိတော့ပေ. သူမနဲ့ ရင်းနှီးတဲ့သူတွေ Yapa ကို ရောက်လာတော့ သူတို့က Poliana ကို ပြောဆိုလာကြသည်.

"ဒီလျှို့ဝှက်ချက်ကို ဘာလို့ငါတို့ကို မပြောရတာလဲ?"

"မင်းကို အရမ်းစိတ်ပျက်သွားပြီ Sir Pol!"

"ဧကရာဇ်က ငါ့ကိုမခေါ်ပဲ မင်းကို ခေါ်သွားမယ်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူး, Sir Poliana! သူက အရမ်းဆိုးတာပဲ!"

"Sir Pol! ငါ Nanaba မှာ အိမ်ဝယ်တုန်းက မင်းတားခဲ့သင့်တယ်. ငါက အိမ်ဈေးတွေတက်လာမယ်ထင်ပြီး ငါ့ပိုက်ဆံတွေ အကုန်သုံးခဲ့တာ! အခုတော့ အဲ့တာ မြို့တော်မဟုတ်တော့ဘူးဆိုတော့ ငါ့ပိုက်ဆံတွေ ကုန်ပြီ!"

မြို့တော်အဟောင်းမှာ အိမ်ဝယ်လိုက်တဲ့သူတွေကို သူမ မတားဆီးခဲ့မိတဲ့အတွက် စိတ်မကောင်းဖြစ်မိပေမဲ့ သူမမှာ ရွေးစရာမှ မရှိခဲ့တာ. သူမ ဘာလုပ်နိုင်မှာမို့လို့လဲ? ဒါက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီးတော့ ဧကရာဇ်နဲ့ အရင်းနှီးဆုံးလူတွေကသာ ဒီလျှို့ဝှက်ချက်ကို သိခွင့်ရှိတာဖြစ်သည်.

ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ Poliana ဆီမှာ အကြောင်းပြချက်ကောင်းရှိနေသည်. ဧကရာဇ်က မြို့တော်ကို ပြောင်းမယ်ဆိုတာ သူမ သိခဲ့ပေမဲ့ ဒီလောက်မြန်မြန်ကြီးဖြစ်သွားမယ်လို့ သူမလဲ မထင်ခဲ့မိပေ.

သူမကို အထွန့်တက်လာတဲ့သူတွေကို ရှင်းပြလိုက်သည်.


"ငါတောင်းပန်ပါတယ်.. ဒါပေမဲ့ ငါတောင်မှ ပြောင်းမဲ့နေ့ရောက်တဲ့အထိ သိခဲ့တာမဟုတ်ဘူး"

ဒါက အမှန်တရားဖြစ်သည်. ဧကရာဇ်က မြို့တော်နေရာကို ပြောင်းနိုင်တယ်လို့ လူအများစုကခန့်မှန်းထားခဲ့ပေမဲ့ နောက်ထပ် နှစ်အနည်းငယ်ကြာမှသာ ပြောင်းရွှေ့နိုင်မှာလို့ ထင်ထားခဲ့သည်.

သူတို့ ပြောင်းရွှေ့မဲ့နေ့မှာ ဧကရာဇ်က Poliana ကို ရဲတိုက်အပြင်ဘက်မှာတွေ့ဖို့ ခေါ်ခဲ့သည်. သူတို့က မြင်းအတူတူစီးလာရင်း မြို့တော်ကနေ ထွက်မိတော့မှသာ သူတို့ Yapa ကို ပြောင်းတော့မဲ့အကြောင်း သိခဲ့တာဖြစ်သည်. ဧကရာဇ်က ရုတ်တရက်ကြီး ပြောင်းဖို့ပြောလာတာကြောင့် သူမက အံ့ဩသွားခဲ့ပြီး သူ့အကြောင်းပြချက်ကို ကြားလိုက်ရတော့ သူမက ပိုတောင် အံ့ဩသွားခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now