အခန်း ၁၅

124 23 0
                                    

Lucius က Poliana ကို လက်ခံခဲ့ပေမဲ့ သူမကို ဘယ်နေရာမှာ တာဝန်ပေးရမလဲဆိုတာ့ မဆုံးဖြတ်ပေးရသေးဘူး.

သူမဒဏ်ရာတွေက ကုသဖို့ လိုအပ်တာကြောင့် သူမ ဘာအလုပ်မှလဲ လုပ်ဖို့မလိုသေးဘူး.. 

ဒါပေမဲ့ သူမဒဏ်ရာတွေ ပျောက်သွားချိန်မှာတော့ သူမ စိတ်ပူလာသည် သူမ ဘယ်ကိုသွားရမလဲ?

နောက်ဆုံးတော့ သတင်းကောင်းရောက်လာခဲ့ပြီးတော့ သူမ ပြုံးနိုင်ခဲ့သည်

သူမကို Sir Baufallo ရဲ့ စစ်ထောက်ပံ့ရေးတပ်ခွဲမှာ တာဝန်ချထားပေးသည်. Aehas နဲ့ မတူတာက Acreian စစ်တပ်မှာ စီမံခန့်ခွဲရေးအဖွဲ့ သီးသန့်မရှိပေ.

ထောက်ပံ့ရေးအဖွဲ့ကပဲ အားလုံးကို တာဝန်ယူလုပ်ဆောင်ရသည်. ဒါကြောင့် Sir Baufallo က Lucius စစ်တပ်ရဲ့ ပထမတပ်ကြပ်ကြီးဖြစ်သည်

ဧကရာဇ်နဲ့ မှတ်တမ်းအရာရှိတို့နဲ့ အလောင်းအစားမှာ Sir Baufallo နဲ့ Ainno တို့က ရှုံးနိမ့်ခဲ့တာကြောင့် Poliana ကို လက်ခံဖို့ ဖိအားပေးခံလိုက်ရသည်

Sir Ainno က သူမကို သူ့တပ်ခွဲထဲပို့ရင် သတ်ပစ်မယ်လို့ ပြောနေတာကြောင့် Sir Baufallo က ရွေးချယ်စရာမရှိတော့ပဲ Poliana ကို လက်ခံလိုက်ရသည်

ဒါပေါ့ Poliana ကတော့ သူမကို နေရာချထားပေးတာနဲ့ပတ်သက်ပြီးတော့ ဒီလိုတွေဖြစ်ပျက်ခဲ့မှန်း မသိခဲ့ဘူးပေါ့

သူတို့တွေရဲ့ စိတ်ခံစားချက်တွေကိုဖယ်ပြီးတော့ Poliana ကို Acreian စစ်သည်အဖြစ်လက်ခံလိုက်ရသည် သူမကို တာဝန်ချထားပေးတဲ့နေရာကိုသွားကာ ချက်ချင်းသတင်းပို့လိုက်သည်

သူမကိုတွေ့တော့ Sir Baufallo က ပြောလိုက်တယ်

"အရှင်က ငါ ဒါမှမဟုတ် Sir Ainno ကို မင်းကို လက်ခံပေးဖို့ပြောခဲ့တာ အဲ့တာကြောင့် ငါက မင်းရဲ့အထက်လူကြီးဖြစ်လာတာ"

Poliana က Sir Ainno က ဘယ်တပ်ဖွဲ့ကို ဦးဆောင်တာလဲ သိချင်တာကြောင့် မေးလိုက်သည်

"ကျွန်မတစ်ခုလောက်မေးလို့ရမလား?

"မေးလေ"

"Sir Ainno က ဘယ်တပ်ဖွဲ့ကလဲ?"

"သူက အရှင့်ရဲ့ သီးသန့်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်"

Emperor and the Knightness (Zawgyi) Book - 1Όπου ζουν οι ιστορίες. Ανακάλυψε τώρα