အခန်း ၅၀

92 19 2
                                    

လှပတင့်တယ်မှုဆိုတာက အလွယ်တကူသင်ကြားလို့ရတဲ့အရာ မဟုတ်ပေမဲ့

 ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားရအောင်လို့တော့ ကြိုးစားလို့ရတယ်လို့ Poliana ယုံကြည်သည်

သူမရဲ့အပြုအမူတွေက စံသတ်မှတ်ချက်အတိုင်းဖြစ်လာတဲ့အခါမှာတော့ Sir Ainno က သူမအတွက် ကျိုးကြောင်းမဆီလျော်တဲ့ သူမအသွင်အပြင်နဲ့ သန့်ရှင်းရေးကို အပြစ်ဖို့ချင်လာသည်

ဥပမာအနေနဲ့ သူမမျက်နှာသစ်ခေါင်းလျှော်ပြီးသားဖြစ်ပေမဲ့ Sir Ainno က သူမဆံပင်တွေက ညစ်ပတ်နေတယ်လို့ ပြောတတ်သည်. သူမ သိပ်မကြာခင်ကမှ ရေချိုးထားပေမဲ့ သူက သူမကို ရေထပ်ချိုးခိုင်းတတ်သည် Poliana က စိတ်မရှုပ်ပဲ မနေနိုင်ချေ

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမက သူ့အမိန့်ကို လိုက်နာလိုက်ရသည်. ဒါက အထက်တန်းလွှာကလူတွေရဲ့ သန့်ရှင်းရေးလုပ်တဲ့စနစ်အတိုင်း လိုက်လုပ်ရမဲ့ တော်ဝင်ကိုယ်ရံတော်တွေ လိုက်နာရမဲ့စည်းကမ်းဖြစ်တယ်လို့ Sir Ainno က ပြောခဲ့သည်

တစ်ရက်မှာတော့ Donau က Poliana ကို အကြံပေးလာသည်.

"အခု ဆံပင်အရှည်ထားဖို့ပဲလိုတော့တယ်. တကယ်လို့ ဆံပင်ရှည်သွားရင် လူတွေက အစ်မကို ယောက်ျားလေးနဲ့မှားမှာ မဟုတ်တော့ဘူး"

Poliana က ငယ်ငယ်လေးတည်းက ဆံပင်အရှည်မထားဖူးတော့ အခုကျမှ ဆံပင်အရှည်စထားချင်တော့ပေ. သူမဆံပင်တွေကို ကုတ်လိုက်တော့ Donau က သူမကို တောင်းပန်လိုက်သည်

"ကျေးဇူးပြုပြီးတော့ Poliana ဆံပင်တွေရှည်အောင်ထားလိုက်ပါ. အစ်မကို လူတွေက ယောက်ျားလေးနဲ့မှားနေကြတာကို ကျွန်တော် မကြည့်ချင်တော့ဘူး.တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်တောင် 'အစ်ကို' လို့ခေါ်သင့်တယ်လို့ ခံစားမိနေတယ်"

"မင်းခေါ်ချင်တယ်ဆိုရင် ခေါ်ပေါ့"

"ကျွန်တော်ပြောချင်တာ အဲ့တာမဟုတ်ဘူးလေ အစ်မ!"

အခုတော့ Donau က Poliana ကို "အစ်မ" လို့ခေါ်တတ်နေပြီ. သူက သူ့မှာအစ်ကိုတစ်ယောက်ရှိတာကို စိတ်ကုန်နေပြီ.အခုတော့ သူ့ရဲ့အစ်မဖြစ်လာနိုင်တဲ့သူကို သူရှာတွေ့ခဲ့တာကြောင့် သူ့အနေနဲ့ နောက်ထပ်အစ်ကိုမလိုချင်တော့ပေ အစ်ကိုတစ်ယောက်ရှိရတဲ့နာကျင်မှုကို Donau ကောင်းကောင်းနားလည်တာကြောင့် ကံမကောင်းစွာနဲ့ အစ်ကို ၂ ယောက်ရှိနေတဲ့ Sir Deke ကို သူက ကျိတ်ကာ သနားနေသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now