အခန်း ၁၆

128 21 0
                                    

Acreian ဧကရာဇ်ရဲ့ နယ်မြေသိမ်းတပ်ဖွဲကို ပြောင်းလဲဖွဲ့စည်းလိုက်ပြီးတော့ စစ်ထောက်ပံ့ရေးတပ်ဖွဲ့မှာ တပ်ဖွဲ့ခေါင်းဆောင် Sir Baufallo နဲ့ သူ့ရဲ့လက်ထောက် Sir Poliana Winter တို့ ပါဝင်လာသည်

Poliana က သူမရဲ့ဝတ်စုံအသစ်ကို ထိလိုက်တယ်. 

သူမနာမည်နဲ့ရာထူးကို ချည်နဲ့ထိုးထားသည်. 

တစ်ချို့တွေကပြောကြတယ်. ဒီချည်ထိုးထားတဲ့စာသားတွေကို ထိကြည့်တာနဲ့

ချည်ထိုးသမားက ဘယ်လောက်တော်လဲဆိုတာကို ပြောလို့ရတယ်တဲ့

ဒါပေမဲ့ Poliana ရဲ့ လက်ချောင်းတွေက ကြမ်းတမ်းပြီးတော့ အမာရွတ်တွေကြောင့် သူမရဲ့ လက်ထိပ်ကတော့ ဘာမှ မခံစားရဘူး

သူမက သူမရဲ့ ဝတ်စုံအသစ်ကို ဝတ်လိုက်တယ်

Acreian စစ်တပ်ဖွဲ့စည်းပုံက မတူပေမဲ့ သူမနေရာက အရေးပါတဲ့နေရာဆိုတာကို သူမ သဘောပေါက်ခဲ့သည်

သူမက သူမအရင်ရာထူးထက် ပိုမြင့်တဲ့ရာထူးဖြစ်တဲ့ ပထမတပ်ကြပ်ကြီးရဲ့ လက်ထောက်

သူမ စစ်သားတွေရဲ့ခေါင်းဆောင်မဟုတ်တော့ပေမဲ့ သူမက ရာထူးတော့ တက်သွားသေးသည်

သူမက တပ်စုခေါင်းဆောင်အဖြစ်ပဲ တစ်သက်လုံးနေရတော့မယ်ထင်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အံ့အားသင့်စရာဖြစ်ခဲ့သည်

'အသိမ်းပိုက်ခံနယ်မြေရဲ့ အုပ်ချုပ်သူဖြစ်လာမှာကတော့ ကြောက်ဖို့ကောင်းတယ်'

အသိမ်းပိုက်ခံနယ်မြေရဲ့ အုပ်ချုပ်သူနေရာက ပိုပြီးကောင်းတဲ့နေရာဖြစ်ပေမဲ့ သူမက လက်ရှိရာထူးကို သဘောကျသည် အုပ်ချုပ်သူနေရာက သူမဘယ်တုန်းကမှ မတွေးထားဖူးတဲ့နေရာဖြစ်သည်

ဟိုရက်က Lucius က သူမအတွက် ချပ်ဝတ်အသစ်ထုတ်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ သူမက ထောက်ပံ့ရေးတပ်ဖွဲ့မှာ တာဝန်ပေးခံလိုက်ရတော့ အဲ့ကတိက ဖြစ်မလာတော့ဘူး

ထောက်ပံ့ရေးအဖွဲ့က ပထမတပ်ကြပ်ကြီးရဲ့လက်ထောက်အနေနဲ့ ချပ်ဝတ်တန်ဆာအပြည့်ဝတ်တာက အထူးအဆန်းကြီးဖြစ်နေလိမ့်မယ်.. 

အနည်းဆုံးတော့ Acreian စစ်တပ်ရဲ့ ဝတ်စုံအသစ်ဝတ်လိုက်ရတာက သူမက ဒီစစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေမှန်း ခံစားလို့ရသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now