အခန်း ၂၆

106 17 0
                                    

သူတို့ရဲ့အုပ်ချုပ်သူက မမျှော်လင့်ပဲ ရုတ်တရက်ထွက်ပေါ်လာကြောင့် Sir Rabi က နောက်ဆုတ်သွားပြီးတော့ Poliana ကတော့ သူမရဲ့ဧကရာဇ်ကို ချက်ချင်းအလေးပြုလိုက်သည်

Lucius က ခါတိုင်းနဲ့ မတူပဲ အရမ်းကို ဆွဲဆောင်မှုရှိစွာဝတ်ဆင်ထားပြီးတော့ ခါတိုင်းလိုပဲ အရမ်းကြည့်လို့ကောင်းနေသည်

Poliana က မှင်သက်နေမိတယ်

'သူက အရမ်းခန့်ညားတာပဲ'

သူမရဲ့ ဧကရာဇ်က ကမ္ဘာပေါ်မှာ ကြည့်လို့အကောင်းဆုံးအမျိုးသားဖြစ်တယ်ဆိုတာကို သူမ အပြည့်အဝယုံကြည်သည်. ဒါပေမဲ့ သူ့ကို သေချာကြည့်ဖို့ အချိန်မရခဲ့ဘူး

သူရဲ့လှပတဲ့ဝတ်စုံနဲ့ မျက်စိကျိန်းလောက်စရာအသွင်အပြင်ကြောင့် သူက သိသာထင်ရှားတဲ့ ပစ်မှတ်ဖြစ်နေသည်. တကယ်လို့ Bebero ဘက်က စစ်သားတစ်ယောက်က သတိပြုမိပြီး‌တော့ သူ့ကို ပစ်လိုက်ရင် 

Poliana က ဦးညွှတ်ကာ စိတ်ပူစွာနဲ့ ပြောလိုက်သည်

"အရှင် ဒီနားမှာ မနေပါနဲ့ အန္တာရယ်များလွန်းတယ်"

ဒါပေမဲ့ ဧကရာဇ်က သူမကို လစ်လျှူရှုလိုက်ပြီး Sir Rabi ကို ပြောလိုက်တယ်

"Sir Rabi, ငါမင်းကို Bebero ကို သိမ်းခိုင်းနေတာမဟုတ်ဘူး. မင်းကို ဒီမြစ်အကြောင်းလေ့လာပြီးတော့ ငါတို့ဘယ်လိုဖြတ်ရမလဲ လေ့လာခိုင်းနေတာ. မင်းက ဘာမှ သေချာမပြင်ဆင်ပဲ မြစ်ကို ဖြတ်ဖို့ ကြိုးစားနေတာပဲ... ပြီးတော့ မင်းခဏခဏဖြတ်ဖို့ လုပ်ခဲ့ပြီးပြီ. Rabi မင်း စစ်ရှုံးတာက အမှားမဟုတ်ဘူး. မင်းငါ့အမိန့်ကို သေချာမလိုက်နာတာက မင်းအပြစ်ပဲ"

Sir Rabi က ဦးညွှတ်ကာ ပြန်ပြောလိုက်သည်

"အရှင် အရှင်ပြောတာမှန်ပါတယ်. ကျွန်တော့်ကို အရှင်အပြစ်ပေးချင်သလိုပေးပါ. ဒါပေမဲ့ အခု‌တော့ ဒီနားမှာမနေပါနဲ့ အရှင် အရမ်းအန္တာရယ်များလို့ပါ"

"ငါတော့ အဲ့လိုမလုပ်ချင်ဘူး."

Lucius က သူ့စစ်သည်တွေတောင်းဆိုတာကို လစ်လျှူရှုလိုက်တယ်. သူက ဒီနေရာကနေထွက်သွားဖို့ ငြင်းဆန်လိုက်ပြီးတော့ မြစ်ဘက်ကို လှည့်လိုက်တယ်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now