အခန်း ၁၅၆

64 4 0
                                    

ဘာကြောင့်မှန်းမသိပေမဲ့ Poliana က ရှက်ရွံ့မိသလို ခံစားနေရသည်. ဒါက Lady Stra သူမကိုပြုံးပြတုန်းက သူမအပြစ်ရှိသလို ခံစားမိသွားတာထက် ပိုဆိုးသည်.

Poliana က ရှက်ရွံ့မိသလို ဒေါသလဲထွက်နေသည်. မနေ့က Rebecca သူမကို ပြောခဲ့တာတွေက ရိုင်းပြတာမှန်ပေမဲ့ သူမပြောတာအများစုက မှန်ကန်တဲ့စကားတွေဖြစ်ခဲ့သည်. မနေ့ကအထိ သူမ ဘာကိုမှမသိတာကြောင့် အမှန်တရားကို လစ်လျှူရှုမှာမဟုတ်ဘူးလို့ Poliana ကယုံကြည်ရဲဝံ့စွာ ပြောနိုင်မှာ ဖြစ်သည်. ဒါပေမဲ့ Rebecca က သူမအကြောင်းကို ပြောပြပြီးချိန်မှာတော့ Poliana က လစ်လျှူရှုဖို့ ရွေးချယ်ခဲ့သည်. သူမက ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်တာကြောင့် လက်တွေ့ဘဝကနေ ထွက်ပြေးချင်ခဲ့သည်.

သူမတာဝန်မယူနိုင်ပဲ ထွက်ပြေးမိတာကို ဝန်မခံချင်ပေမဲ့ ဒါက အမှန်တရားဖြစ်သည်.

Poliana ဧည့်ခန်းထဲကနေ ထွက်မသွားခင်မှာပဲ Lady Rebecca သူမကို တားဆီးလိုက်သည်.

"Marquess Winter, ကျွန်မ တကယ်တောင်းပန်ပါတယ်. ကျွန်မ ခံစားခဲ့ရသမျှကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး.. ဒါပေမဲ့ မနေ့က.. ကျွန်မ ပြောခဲ့မိတယ်. ကျွန်မ ပြောဖို့လိုတယ်ထင်လို့ ပြောခဲ့မိတာပါ! ဒါပေမဲ့ ကျွန်မ ခံစားချက်တွေကသာ ပြဿနာဖြစ်နေတာပါ.. ဒါပေမဲ့.. ရှင့်အကြောင်းတွေ.. ကျွန်မသိတာက..."

သူမ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးတဲ့အကြောင်းတွေ... Rebecca ရဲ့ စကားလုံးတွေက Poliana ကို ရပ်တန့်သွားစေခဲ့ကာ သူမကို စဉ်းစားမိစေလိုက်သည်. Lady Rebecca မနေ့က ပြောခဲ့တာတွေက ထိတ်လန့်စရာတွေ ဖြစ်သည်. ဒီတိုင်းပြည်က ဘယ်သူကမှ Poliana ကို ဒီလိုစကားမျိုး ပြောရဲမှာမဟုတ်ပေ. တကယ်တော့ ဒီတိုင်းပြည်က ဘယ်သူကမှလဲ Lady Rebecca လိုမျိုး တွေးမိမှာမဟုတ်ပေ.

Poliana နဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူတွေက အမျိုးသားတွေဖြစ်သည်. သူမရဲ့ သူငယ်ချင်းတွေ, လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဧကရာဇ်.. သူမက အထက်တန်းလွှာအမျိုးသမီးတွေ, အကူတွေနဲ့ ဧကရာဇ်ရဲ့ ဇနီးတွေ အပါအဝင် တခြားအမျိုးသမီးတွေကိုလဲ ယဉ်ကျေးစွာဆက်ဆံခဲ့ပေမဲ့ သူတို့နဲ့တော့ မရင်းနှီးပေ.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now