အခန်း ၉၂

91 12 0
                                    

Lucius က ဧကရာဇ်တစ်ပါး

Poliana Winter က သူ့ရဲ့အမျိုးသမီးစစ်သည်

သူက အုပ်ချုပ်သူဖြစ်ပြီး သူမက သူ့ရဲ့လက်အောက်ငယ်သားဖြစ်တယ်.

သူတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်ကြပေမဲ့ သူတို့ဆက်ဆံရေးက ဒီ့ထက်ပိုလာစရာအကြောင်းမရှိပေ.. ဧကရာဇ်က ဒီဆက်ဆံရေးကို ပြောင်းလဲဖို့ စဉ်းစားခဲ့ပေမဲ့ သူ မပြောင်းလဲနိုင်ခင်မှာပဲ အမှန်တရားကို သတိပြုမိလိုက်သည်. ဘာအရာက Poliana ကို အမှန်တကယ်ပျော်ရွှင်စေခဲ့တာလဲဆိုတာကို သူ မေ့သွားတော့မလို့ ဖြစ်ခဲ့ပေမဲ့ သူက အချိန်မှီ သတိရလိုက်သည်

"ငါ ဒီတိုက်ကြီးတစ်ခုလုံးရဲ့ဧကရာဇ်ဖြစ်လာတာကို ပျော်လား Sir Pol?"

"ပျော်တာပေါ့! ကျွန်မ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေတာ!"

ဧကရာဇ်က သူမမျက်ဝန်းတွေကို သေချာစိုက်ကြည့်လိုက်သည်. ဒီအချိန်က စိတ်လှုပ်ရှားစရာတွေကို ပြောဖို့ အချိန်ကောင်းဖြစ်မလား စဉ်းစားနေကာ Poliana က သူ့ကို ဖြေးဖြေးချင်းပြောလာသည်.

"အရှင်.. ကျွန်မမျက်ရည်တွေကို ဒီတိုက်ကြီးအဆုံးရောက်တဲ့အချိန်အထိ ထိန်းထားသင့်တယ်လို့ အရှင်အရင်တုန်းက ပြောဖူးတယ်."

"ဟုတ်တယ်"

"အဲ့ဒီအချိန်ကစပြီး ကျွန်မ မျက်ရည်တစ်စက်မှ မကျခဲ့ဘူး"

"ငါသိတယ်.. ဒါပေမဲ့ ဟိုတောင်စွန်းမှာတုန်းက တခြားစစ်သည်တွေက ကလေးတွေလို ငိုကြတာ ငါမြင်လိုက်တယ်"

အဲ့နေ့က Lucius က Poliana ကို ချစ်မိနေကြောင်း သတိပြုမိသွားတဲ့နေ့ ဖြစ်သည်. အဲ့ဒီညနေခင်းကို သူဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူးဆိုတာ သိနေသည်. Poliana က သူ့ကို လှပတဲ့ ညနေဆည်းဆာအချိန်မှာ ပျော်ရွှင်စွာနဲ့ ပြုံးပြခဲ့သည်. သူက ပင်လယ်ရဲ့အငွေ့အသက်တွေနဲ့ ကျောက်တောင်တွေကို လှိုင်းပုတ်တဲ့အသံတွေကို အခုထိ ခံစားလို့ရနေသေးသည် တောင်ပိုင်းရဲ့ အေးမြတဲ့လေပြေက သူ့ဆံပင်တွေကို လာထိခဲ့တာ... ပင်လယ်ပေါ်ပျံသန်းနေရင်း ငှက်တွေက တေးဆိုနေခဲ့တာ..

"ကျွန်မ မငိုချင်လို့ မငိုခဲ့တာမဟုတ်ပါဘူး. ကျွန်မပျော်နေခဲ့တာ. ဒီဟာက အဆုံးသတ်မဟုတ်ဘူးဆိုတာ ကျွန်မတို့ နှစ်ယောက်လုံးသိတယ်လေ. အရှင်က ကျွန်မတို့အတွက် နောက်ထပ်အိပ်မက်အသစ်တွေနဲ့ ထပ်ပြီး ဦးဆောင်မယ်ဆိုတာ ကျွန်မသိတယ်. အဲ့အကြောင်းတွေ စဉ်းစားလိုက်တာနဲ့ ကျွန်မ မပြုံးပဲ မနေနိုင်ဘူး. ဒါ့ကြောင့် မျက်ရည်ကျစရာမရှိဘူး"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now