အခန်း ၂၂

117 21 0
                                    

Acreian တပ်မှူးတဲထဲတွင်

Lucius နဲ့ သူ့စစ်သည်တွေက Koemong မြစ်ကိုဖြတ်ပြီးတော့ Bebero တိုင်းပြည်ကို သိမ်းပိုက်ဖို့အတွက် အစီအစဉ်ဆွဲနေကြသည်

"ကျွန်တော်တို့ အနီးနားမှာရှိတဲ့ ငါးဖမ်းရွာတွေကနေ သင့်လျော်တဲ့ ငါးဖမ်းလှေတွေကို ရွေးချယ်ပြီးသွားပြီ. ၈၀ ရာခိုင်နှုန်းလောက်က စစ်တပ်သုံးလှေ အဖြစ် ပြန်လည်ပြုပြင်ပြီးပြီ. ကျန်တာတွေကလဲ သိပ်မကြာခင်မှာပြီးတော့မယ်"

"ဒီမြစ်အကြောင်းကို သေချာသိတဲ့ ငါးဖမ်းသမားတွေကိုလဲ ငှားရမ်းထားတယ်. ပြီးတော့ အခြေခံစစ်သင်တန်းလဲပို့ချပြီးပြီ"

"Bebero ဘက်က ဘယ်လိုနေလဲ?"

"အခုထိတော့ ဘာသတင်းမှမရသေးပါဘူး အရှင်. သူတို့က နွေဦးရောက်ခါနီးလို့ စိတ်အေးလက်အေးဖြစ်နေကြတယ်လို့ ကျွန်တော်တို့ထင်တယ်. သူတို့ လာမဲ့ဆောင်းတွင်းမရောက်မချင်း သူတို့ကို လာမတိုက်လောက်ဘူးလို့ ထင်နေပုံပဲ. နယ်စပ်တွေကို ပိတ်ထားတဲ့အတွက် Bebero ကို လွှတ်ထားတဲ့ ကျွန်တော်တို့ သူလျှိုတွေက ပြန်မလာနိုင်သေးပေမဲ့ သူတို့ သတင်းတွေကိုတော့ အများကြီးပို့ထားတယ်. အားလုံးကအခြေအနေကောင်းတယ်"

Lucius ရဲ့စစ်တပ်က နွေဦးရောက်လို့ မြစ်ထဲက ရေခဲတွေအရည်ပျော်တာနဲ့ စစ်တိုက်တော့မှာ ဖြစ်တယ်. ဒီစစ်ဆင်ရေးကို လျှို့ဝှက်ထားတယ်. ဘယ်သူမှ ဒီအကြောင်းကို မသိကြဘူး..

မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက်တိုက်ခိုက်ခြင်းက စစ်ပွဲမှာ အောင်နိုင်ခြေအများဆုံးဖြစ်တယ်

ရုတ်တရက်တိုက်ခိုက်ခြင်းက ရှုံးနိမ့်တာရှားတယ်

Lucius က မြေပုံကို သေချာကြည့်နေသည်. Koemong မြစ်က ကျယ်ပြန့်နက်ရှိုင်းတယ်. ဒီမြစ်က မြောက်ပိုင်းဒေသတစ်ခုလုံးမှာ အကြီးဆုံးဖြစ်ပြီးတော့ မြစ်ကမ်းတစ်လျှောက်မှာ ငါးဖမ်းရွာတွေအများရှိတယ်

ဒီမြစ်ကို ခရီးသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုကြသည်

ဒါပေမဲ့ ဆောင်းတွင်းမှာတော့ မြစ်ရေတွေခဲကုန်တာကြောင့် မည်သည့်လှေမှ မဖြတ်သန်းနိုင်ပေ.. ဆောင်းတွင်းမှာ ဒီမြစ်ကို အသုံးပြုတာက ထူးဆန်းတဲ့ ငါးတွေဖမ်းဖို့လောက်သာဖြစ်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now