အခန်း ၁၉၂

42 4 0
                                    

Lucius က Poliana ကို ပျော်ရွှင်စွာနဲ့ နှုတ်ဆက်လိုက်သည်.

"ငါ့မှာ အချိန်မရှိမှာစိုးလို့ ဒီကိုရောက်လာတာလား? မင်းက အရမ်းစဉ်းစားပေးတတ်တာပဲ. မင်းက အကောင်းဆုံးပဲ Sir Pol"

'oh.. ငါ အပြစ်ရှိသလို ခံစားမိတယ်. တကယ်တော့ Sir Ainno က ငါ့ကို ဒီလိုလုပ်ခိုင်းခဲ့တာ...'

Poliana က တောက်ပစွာနဲ့ ပြုံးလိုက်ပြီးတော့ စကားတစ်ခွန်းမှ မပြောလိုက်ပေ. Lucius က ဆက်ပြောလိုက်သည်.

"မင်း ငါ့မိဘတွေရဲ့လက်စွပ်ကို သဘောကျနေတာတွေ့တယ်. အမှန်တော့ ငါလက်ထပ်ရင် ငါ့အမေရဲ့လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းမလို့ပဲ... ဒါပေမဲ့...."

Lucius က Poliana ဆီကို အမြန်လျှောက်သွားကာ သူဘယ်လိုခံစားနေရလဲဆိုတာကို သူမများ ခန့်မှန်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမကို ဝမ်းနည်းစွာ ကြည့်လိုက်သည်. Poliana က ခေါင်းငြိမ့်လိုက်ပေမဲ့ တခြားအကြောင်းပြချက်ကြောင့် ဖြစ်သည်. သူက တကိုယ်တည်းမဟုတ်တော့တာကြောင့် ဧကရာဇ်က ဝမ်းနည်းနေတာဖြစ်မယ်လို့ သူမက မှားယွင်းစွာ ယူဆလိုက်သည်.

Lucius က လက်စွပ်တစ်ကွင်းကို သူ့လက်ဖဝါးထဲမှာ ဆော့ကစားလိုက်ကာ ရေရွတ်လိုက်သည်.

"ဒါကြောင့်..လေ. ပြောချင်တာက... Sir Pol.. ဒီလက်စွပ်က.."

သူတို့က နှစ်ယောက်တည်းဖြစ်နေပေမဲ့ ဧကရာဇ်က တီးတိုးပြောနေတာကြောင့် Poliana က သူ့စကားတွေကို သေချာကြားအောင် နားထောင်နေရသည်.

အဲ့အချိန်မှာပဲ!

"အို.. အရှင်!"

"ဘာ? အရှင်က ဒီမှာလား? အို.. သူက ဒီမှာပဲ!"

Lady Stra နဲ့ Lady Tory တို့က အခန်းဆက်တစ်ခုဆီကနေ ရုတ်တရက် ထွက်လာခဲ့သည်. Lucius က သူ့အမေရဲ့လက်စွပ်ကို သူ့အိတ်ကပ်ထဲ အမြန်ဝှက်လိုက်ကာ Poliana နားကနေ ခွာလိုက်သည်. သူက သူရဲ့ဇနီးတွေကို နှုတ်ဆက်လိုက်သည်.

"Hello.. ဒီကို ဘယ်လိုလုပ်ရောက်လာကြတာလဲ?"

"Marquess Winter က ကျွန်မတို့ကို ဒီလာဖို့ ခေါ်ခဲ့တာလေ"

"ဟုတ်တယ်. Lady Tory က ကျွန်မတို့ကို ဒီနေရာကို ခေါ်လာပြီးတော့ ဒီက သမိုင်းကြောင်းတွေကို ရှင်းပြနေတာလေ."

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now