အခန်း ၁၅၉

47 6 0
                                    

ရိုးရာသန့်စင်ပွဲဆိုတာက ဘာလဲ?

အဲ့တာက မကောင်းဆိုးဝါးတွေနဲ့ ကံမကောင်းမှုတွေကို ဖျက်ဆီးတဲ့ အယူသီးတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်သည်. ဒေသအသီးသီးမှာ မတူညီတဲ့နည်းလမ်းတွေနဲ့ ရိုးရာပွဲတွေကို လုပ်ဆောင်တတ်ကြပေမဲ့ ဖြစ်စဉ်အားလုံးအတွက် တူညီတဲ့အရာတစ်ခုတော့ရှိသည်. အဲ့တာက ရိုးရာပွဲအတွက် လိုအပ်တဲ့အရာက ရယူဖို့ ခဲယဉ်းတာပဲဖြစ်သည်.

ဒီရိုးရာပွဲအတွက် အဓိကလိုအပ်တာတွေကတော့ အရက်, ဆား နဲ့ ဆီ တို့ပဲဖြစ်သည်. တစ်ချို့ ဆင်းရဲတဲ့ဒေသတွေမှာတော့ လူတွေက တိရစ္ဆာန်ရဲ့ သွေးနဲ့ ကောက်ပဲသီးနှံမျိုးစေ့တွေကို အစားထိုးကာ အသုံးပြုတတ်ကြသည်. မြောက်ပိုင်းသားတွေက အယူသီးတဲ့နေရာမှာ လူသိများပြီး Acreian တွေက‌တော့ အဆိုးဆုံးဖြစ်သည်. Acreia မှာ ရိုးရာပွဲတွေအများကြီးရှိပြီး အထင်ရှားဆုံးပွဲတစ်ခုကတော့ အမဲလိုက်မထွက်ခင်မှာ ပြုလုပ်တဲ့ပွဲ ဖြစ်သည်. အမဲလိုက်မုဆိုးတွေက တောထဲမဝင်ခင်မှာ သူတို့ရဲ့ ဆီးအိမ်တွေကို အပြောင်ရှင်းဖို့ လိုအပ်တာက လူသိများတဲ့ အလေ့အထတစ်ခုဖြစ်သည်. Acreia မှာ လက်မထပ်ရသေးတဲ့ လူပျိုအမျိုးသားရဲ့ ကျင်ငယ်ရေက မကောင်းဆိုးဝါးတွေကို မောင်းထုတ်ဖို့ အကောင်းဆုံးဖြစ်တယ်လို့ ယူဆကြသည်.

Lucius က ရိုးရာပွဲလုပ်မယ်ဆိုတဲ့အကြောင်းကို လူတွေ သိသွားကြတော့ လူတိုင်းက ဒီအကြံကို ဆန့်ကျင်လာကြသည်.

"မဖြစ်ဘူး အရှင်."

Lucius က သူတို့ကို စိုက်ကြည့်လိုက်သည်. သူက ဒီရိုးရာပွဲအတွက် လက်မထပ်ရသေးတဲ့အမျိုးသားရဲ့ ကျင်ငယ်ရေကို သုံးမယ်လို့ လူတွေက ထင်နေကြပုံရသည်. သူက ဒီလိုလုပ်မယ်လို့ သူတို့က ဘာလို့ ထင်လိုက်ကြတာလဲ? သူက အယူသီးတယ်ဆိုတာကို ဝန်ခံပေမဲ့ ဒီလိုစိတ်ပျက်စရာကောင်းတာမျိုးကိုတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ပေ.

"Acreia မှာက ကျင်ငယ်ရေတွေက ခဲသွားတော့ သန့်ရှင်းရေးလုပ်ရတာ လွယ်တယ် အခု ငါတို့က Yapa မှာလေ ငါက အဲ့လိုမျိုးလုပ်မယ်လို့ မင်းတို့ ဘာလို့ထင်ရတာလဲ?"

ဒါပေမဲ့ လူတိုင်း အထူးသဖြင့် သူ့ရဲ့အစေခံတွေက သူ့ကို သေချာသိသည်. Master Chail က ဧကရာဇ်ရဲ့ ခံစားချက်တွေ ပိုကောင်းလာအောင် ကြိုးစားခဲ့ပေမဲ့ Lucius ကတော့ စိတ်ဆိုးကာ စိတ်ရှုပ်နေသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now