အခန်း ၇၃

83 14 1
                                    

Poliana သူမတဲကို ပြန်ရောက်တော့ သစ်သားရေစည်ထဲမှာ ရေအဆင်သင့်ဖြည့်ထားတာတွေ့လိုက်ရသည်. သူမအင်္ကျီတွေချွတ်လိုက်ပြီး ရေအပူချိန်ကို စမ်းကြည့်လိုက်သည် ထင်တဲ့အတိုင်းပဲ ရေက အေးနေပြီ.

သူမ ရေချိုးဖို့ အားမရှိတော့ပေမဲ့ သူမချိုးဖို့လိုနေသည်. အရင်တုန်းက သူမ တစ်ပတ်တစ်ခါလောက်ပဲချိုးခဲ့တာဖြစ်ပေမဲ့ အခု သူမက ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေပြီ. ဒါကြောင့် သူမတကိုယ်ရေ သန့်ရှင်းရေးနဲ့ပတ်သက်ပြီးတော့ အထူးဂရုစိုက်နေရသည်

သူမဝတ်စုံတွေက တွန့်ကြေမနေအောင် အစွန်းအထင်းမရှိအောင်လဲ ဂရုစိုက်ရသည်. သူမက သစ်သားဘီးတစ်ချောင်းတောင် ရှာထားလိုက်သေးသည်. တခြားကိုယ်ရံတော်တွေက သူမက ဈေးပေါတဲ့ သစ်သားဘီးသုံးနေတာတွေ့တော့ သူတို့ အံ့ဩသွားကြသည်. သူမက ပိုကောင်းတာသုံးသင့်ကြောင်း ပြောဆိုနေကြသည်.

Poliana က ပြန်ဖြေလိုက်တယ်.

"ပိုကောင်းတဲ့ဘီးသုံးတာနဲ့ပဲ ငါ့ဆံပင်တွေက ပိုကောင်းလာမှာလဲမဟုတ်ပဲနဲ့"

"ပိုကောင်းလာတာပေါ့!"

သူ့လက်အောက်ငယ်သားတွေက အသေအချာပြောနေတာကြောင့် သူမကို ပိုကောင်းတဲ့ဘီးအသစ်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်.

'သူတို့ပြောတာမှန်သလိုပဲ'

သူမအခွင့်ရရင်တော့ ဆင်စွယ် ဒါမှမဟုတ် ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ဘီးတစ်ချောင်းဝယ်ရမည်. Poliana က သူမသွားတွေကို ကျိတ်ကာ ရေစည်ထဲဝင်လိုက်သည်. သူမ ခေါင်းကိုပါ တစ်ခါနှစ်လိုက်ပြီး ဆေးကြောလိုက်သည်. သူမဆံပင်တွေကို ဆေးချလိုက်ကာ သူမ တကိုယ်လုံးကို ဆပ်ပြာနဲ့ သေချာပွတ်လိုက်သည်. ရေက အေးလွန်းလို့ ကြက်သီးထသွားပေမဲ့ သူမ ဆက်ချိုးနေသည်

"Gosh.. ခဲကုန်တော့မှာပဲ"

သူမ ခန္ဓာကိုယ်ကနေ အရက်နံ့တွေပျောက်ဖို့က အချိန်တော်တော်ကြာသွားသည်. သူမကိုယ်ကို ၃ ခါလောက်ဆေးပြီးတော့ သူမရေစည်ထဲကနေထွက်လိုက်သည်.

Poliana က တဘက်အခြောက်နဲ့ သုတ်နေတုန်းမှာပဲ သူမတဲအဝမှာ တစ်ယောက်ယောက်ရှိနေတာကို ခံစားမိလိုက်သည်. သူမက သူမဓါးကို အမြန်ဆွဲယူလိုက်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now