အခန်း ၂၈

107 17 0
                                    

Lucius ခေါင်းပေါ်က အနီရောင်ခေါင်းစွပ်လေးက သူလမ်းလျှောက်လိုက်တိုင်း လှုပ်ခါနေတယ်. သူက သာမာန်စစ်ဖိနပ်ကို စစ်ဆင်ထားပြီးတော့ သူ့ရဲ့ဆံပင်တွေကတော့ ‌ရွှေရောင်လို တောက်ပလင်းလက်နေတယ်

သူ့ရဲ့ကိုယ်ပိုင်တဲထဲကိုရောက်တာနဲ့ သူရဲ့အစေခံတွေက သူ့ခေါင်းစွပ်ကိုယူကာ တိုင်တွင် ချိတ်လိုက်သည်. ဧကရာဇ်ရဲ့တဲထဲကို မဝင်ခင်မှာတော့ သူ့ရဲ့သီးသန့်အစေခံတွေက Poliana ကို သေချာစစ်ဆေးလိုက်တယ်

သူတို့က သူမဆီကနေ ဓါးရော ဓါးမြှောင်တွေကိုပါ ယူလိုက်ကြီးပြီးတော့ သူမတစ်ကိုယ်လုံးကို သေချာရှာဖွေတော့တယ် သူတို့က သူမဖိနပ်အောက်တွေကိုပါ သေချာစစ်ဆေးနေသည်

စစ်သည်တစ်ယောက်အတွက် ဂုဏ်အယူရဆုံးက သူ / သူမ ရဲ့အရှင်သခင်နားမှာ လက်နက်ကိုင်ဆောင်ခွင့်ရရှိတာပဲဖြစ်သည် ဒါက ဧကရာဇ်အနေနဲ့ ဒီစစ်သည်ကို အပြည့်အဝယုံကြည်တယ်လို့ ဖော်ပြရာရောက်သည်

အစေခံတွေက စားပွဲခုံနဲ့ ထိုင်ခုံတွေကို ပြင်ဆင်လိုက်သည်. ထိုင်ခုံ ၃ လုံးရှိပေမဲ့ Poliana က ထိုင်ဖို့ရာ တွန့်ဆုတ်နေတယ်. သူမက အမိန့်ပေးလို့လာခဲ့တဲဖြစ်ပေမဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ သူမ ပျော်ရွှင်မနေဘူး

ဧကရာဇ်က သူမကို ပြောလိုက်သည်

"မင်းထိုင်လို့ရပါတယ်"

"ကျေးဇူးတင်ပါတယ် အရှင်"

သူမရဲ့ချစ်ခင်မြတ်နိုးရတဲ့ ဧကရာဇ်က သူမကို သူနဲ့အတူသောက်ဖို့ ဖိတ်ခေါ်တာဖြစ်ပေမဲ့ သူမ အပြည့်အဝမပျော်နိုင်ဘူး.

အရက်နဲ့ လက်ဘက်ရည်က မိန်းကလေးတွေငှဲ့ပေးမှ ပိုသောက်လို့ကောင်းတာဆိုတဲ့ သူမအထက်လူကြီးတွေ စကားကို သတိရလိုက်သည်

သူမရဲ့ အရင် စစ်တပ်မှာတုန်းက အဆင့်မြင့်အရာရှိတွေကို အရက်ငှဲ့ပေးဖို့ သူမကို ခိုင်းဖူးသည်.. နောက်ဆုံးတော့ သူမကို ရုပ်ဆိုးလို့ဆိုကာ ကန်ထုတ်လိုက်ကြသည်

တစ်ချို့အမျိုးသားတွေက စိတ်တိုသွားကြပြီးတော့ သူမကို မိန်းမ မဟုတ်ဘူးလို့တောင် ပြောကြသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now