အခန်း ၈၃

89 14 0
                                    

Acreian ဧကရာဇ်ရဲ့ စစ်တပ်ဟာ မြောက်ဘက်ကို လျင်မြန်စွာနဲ့ ဦးတည်ရွေ့လျားနေသည်. စစ်ပွဲစတင်ပြီးဆယ်နှစ်ကြာမှ အိမ်ပြန်ရတာကြောင့် လူတွေက စိတ်လှုပ်ရှားနေကြသည်. သူတို့မိသားစုတွေနဲ့ ပြန်ဆုံစည်းနိုင်ဖို့ သူတို့က လျင်မြန်စွာနဲ့ ခရီးဆက်နေကြသည်.

Duke Luzo ရဲ့ ကျေးဇူးနဲ့ သူတို့အိမ်အပြန်လမ်းက အဆင်ပြေချောမွေ့နေသည်. Lucius နယ်မြေသိမ်းပြီးတိုင်း, Duke Luzo က ဒီနယ်မြေတွေမှာ လမ်းတွေဖောက်လုပ်ခဲ့သည်. သင့်လျော်တဲ့အခြေခံအဆောက်အအုံတွေရှိမှသာ တိုးတက်မှာဖြစ်ကြောင်း သူက သဘောပေါက်သည်. ရန်သူ့သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေက ဒီလမ်းတွေကို ဖောက်လုပ်ခဲ့တာဖြစ်ပြီး. ဒီလိုကောင်းမွန်တဲ့လမ်းတွေကြောင့် Lucius ရဲ့ အိမ်အပြန်လမ်းဟာ ထင်ထားတာထက် အဆင်ပြေချောမွေ့ခဲ့သည်

သူသာဆန္ဒရှိရင် Lucius က ပိုပြီးတော့ မြန်မြန်သွားလို့ရပေမဲ့ သူက တမင်အချိန်ဆွဲကာသွားနေသည်. သူ့လူတွေမပင်ပန်းစေဖို့နဲ့ လက်အောက်ခံနယ်မြေတွေက အဆင်ပြေရဲ့လားဆိုတာကိုပါ တစ်ခါတည်း စစ်ဆေးလိုက်သည်. မြို့တိုင်းကိုလှည့်ပတ်သွားလာလို့မဖြစ်ပေမဲ့ နိုင်ငံသားတွေက လက်ရှိအခြေအနေပေါ်ကို ဘယ်လိုတုန့်ပြန်နေလဲဆိုတာသိရဖို့တော့ လုံလောက်သည်.

လူတွေက အဆင်ပြေနေကြတယ်လို့ ထင်ရသည်. မြို့တော်တော်များများကလူတွေက Acreian စစ်တပ်ကို ပန်းစည်းတွေနဲ့ ကြိုဆိုကြသည်. အခွန်နှုန်းတွေလျော့ချပေးတာနဲ့ ရာဇဝတ်မှုတွေကို တင်းကျပ်စွာ အပြစ်ပေးကိုင်တွယ်တာကြောင့် ဒီလူတွေက သူတို့ကို ဝမ်းသာအားရကြိုဆိုကြသည်. အခုဆိုရင် အလယ်ပိုင်းဒေသကလူတွေက သူတို့ရဲ့ တကိုယ်ကောင်းဆန်ပြီး လောဘကြီးတဲ့ဘုရင်လက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်သည်. သူတို့က ကြင်နာတတ်တဲ့ အုပ်ချုပ်သူဖြစ်တဲ့ Lucius ကို ကျေးဇူးတင်နေကြသည်

တကယ်လို့ ဧကရာဇ်က လာမဲ့နှစ်အနည်းငယ်အတွင်းမှာ အခွန်နှုန်းတွေ တိုးမြှင့်လိုက်ရင်ရော, ဒီလူတွေက စိတ်ဆိုးပြီး သူ့ကိုထောက်ခံခဲ့တဲ့အတွက် နောင်တရကြမလား?

မဖြစ်ဖို့များသည်. Acreian ဧကရာဇ် သတ်မှတ်တဲ့နှုန်းက ဘယ်လောက်ပဲဖြစ်ဖြစ် သူတို့အရင်ဘုရင်ထက်တော့ အများကြီးနည်းနေသေးသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now