အခန်း ၅၅

89 15 0
                                    

Gali က ကွင်းအလယ်ကို မျက်နှာသေကြီးနဲ့ လျှောက်လာသည်. သူ့ကို အစေခံတွေက ဖေးမထားပြီး သူ့ကြည့်ရတာ အရမ်းလန့်နေသေးပုံရသည်. သူ့ရဲ့အကောင်းဆုံးစစ်သည်တွေက တစ်ယောက်ပြီးတစ်ယောက်မြင်းပေါ်ကနေပြုတ်ကျသွားတာကို သူ ကြည့်ခဲ့ရတာကြောင့် သူထိတ်လန့်နေတာက နားလည်လို့ရသည်  

Sir Ainno က ပွဲတိုင်းကို အလွယ်တကူအနိုင်ရလိုက်တာကြောင့် Bikpa ဘက်က လူတွေက အခုထိ အံ့အားသင့်နေကြဆဲဖြစ်သည်

Sir Ainno ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုသိနေပုံရသည်. ဒီနေ့ပြိုင်ပွဲက အထင်ကရပွဲဖြစ်ခဲ့ပေမဲ့ Acreian စစ်သည်တွေကတော့ ပျော်နေပုံမရပေ အထူးသဖြင့် ပြိုင်ပွဲမှာပါဝင်ဖို့အတွက် ရွေးချယ်ခံထားရသူတွေက စိတ်တိုနေပုံရသည်

သူတို့အားလုံးက တူညီတဲ့အတွေးတစ်ခုတည်းကို တွေးနေကြသည်. တကယ်လို့ Sir Ainno က ပြိုင်ပွဲကို ဒီလိုအနိုင်ယူဖို့ဆုံးဖြတ်ထားရင် သူတို့ ပင်ပင်ပန်းပန်းလေ့ကျင့်ထားတာတွေက ဘာလုပ်ရမှာလဲ? Sir Ainno က ဒီလိုရလဒ် ရမှာကို သိနေရင် ဘာလို့သူတို့ကို ရက်စက်ခဲ့တာလဲ?

"ငါတို့ သူ့ကို တစ်ခုခုပြန်လုပ်ရမယ်မလား?"

Sir Ainno ကို ပြန်လုပ်ဖို့ဆိုတာက မဖြစ်နိုင်ပေ. သူက အရာအားလုံးမှာ ထူးချွန်နေတာ, သူက အကောင်းဆုံးမိသားစုကနေလာတယ်, တိုက်ခိုက်ရေးမှာလဲ အကောင်းဆုံးဖြစ်တယ်. Sir Ainno ကို တစ်ခုခုလုပ်နိုင်တဲ့ Lucius တောင်မှ သူ့ကိုအများကြီးအပြစ်ပေးလို့မရပေ.

ဒီပြိုင်ပွဲမှာ ဝင်မပြိုင်ဖို့အတွက် သေချာမငြင်းမိခဲ့လို့ Sir Bentier က နောင်တရနေသည်. သူက အကြိမ်အနည်းငယ်ငြင်းဆန်ခဲ့ပေမဲ့ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ငြင်းခဲ့သင့်တာ သူက ဒုတပ်မှူးဖြစ်တာကြောင့် ဒီပြိုင်ပွဲကို ဝင်မပြိုင်သင့်ဘူးလို့ ပြောခဲ့သင့်တာ ဒါပေမဲ. အားလုံးကနောက်ကျသွားခဲ့ပြီ. Sir Bentier အခုလုပ်နိုင်တာဆိုလို့ အနာဂတ်မှာ ဒီလိုကိစ္စမျိုးထပ်မလုပ်မိစေဖို့ ကျိန်ဆိုလိုက်တာပဲဖြစ်သည်

Bikpa က လက်နက်ချတဲ့သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်သည် သက်သေခံတွေအားလုံးက လက်မှတ်ထိုးပြီးတော့ Lucius က ကျေနပ်နေတဲ့အပြုံးနဲ့ သဘောတူညီချက်စာချုပ်ကို သိမ်းယူလိုက်သည် Gali ကထပ်ပြီးတော့ လဲကျတော့မလိုဖြစ်သွားကာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now