အခန်း ၈၄

85 11 0
                                    

Poliana က အလန့်တကြားပြန်ဖြေလိုက်သည်


"မဟုတ်, မလိုချင်ပါဘူး အရှင်!"

သူ့ကိုယ်ရံတော်အလုပ်ကို သေချာမလုပ်ပဲ စာရွက်စာတမ်းတွေကို ပိုပြီးအာရုံစိုက်နေတာကြောင့် Lucius က သူမကို စနောက်နေတာလို့ သူမထင်လိုက်သည်.

"တောင်းပန်ပါတယ်အရှင်. ကျွန်မ ကိုယ့်အလုပ်ကိုယ်မလုပ်မိဘူး"

သူမက စာရွက်စာတမ်းတွေကို အလုပ်သမားတွေဆီပြန်ပေးလိုက်ကာ ဧကရာဇ်ဆီကို လျှောက်သွားလိုက်သည်.

"ငါနောက်နေတာမဟုတ်ပါဘူး Sir Pol. မင်းက ငါ့အတွက် အများကြီးလုပ်ပေးခဲ့တာဆိုတော့ မင်းကိုဆုပေးရမှာပေါ့. နယ်မြေနည်းနည်းစပေးတာက ကောင်းတယ်လို့ ငါထင်တယ်လေ"

"ကျန်နေတဲ့နယ်မြေတွေထဲက တစ်ခုခုပေးလို့ရပါတယ်အရှင်"

"ကျန်တဲ့နယ်မြေ? Sir Pol မင်းက ငါ့ဆီမှာရှိတဲ့အကောင်းဆုံးတွေထဲက တစ်ခုခုကို ရသင့်တာ"

Poliana က ထပ်ပြီးငြင်းဆန်ဖို့ စဉ်းစားလိုက်ပေမဲ့ သူမနှုတ်ခမ်းတွေကို ကိုက်လိုက်မိသည်. ဒီစစ်ပွဲအတွက် သူမ အများကြီးလုပ်ပေးခဲ့တာ အမှန်ပဲဖြစ်သည်. သူမက ဆုကြီးကြီးရဖို့ ထိုက်တန်သည်. ပြီးတော့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်အနေနဲ့ ကိုယ်ပိုင်နယ်မြေမရှိတာက မသင့်လျော်ပေ. ပြီးတော့ အဲ့တာက ရယ်စရာတောင် ကောင်းနေသည်

Poliana မှာ အခုထိ ဘွဲ့ထူးမရှိသေးချေ. သူမက အမျိုးသမီးစစ်သည်တစ်ယောက်ပဲဖြစ်နေသေးသည်. တကယ်လို့ သူမရဲ့ Aehasian နောက်ခံကို လက်ခံခဲ့ရင် သူမက အထက်တန်းလွှာက ဖြစ်နေဆဲဖြစ်သည်. တကယ်လို့ လက်မခံရင်တော့ သူမက အထက်တန်းလွှာနဲ့ စစ်သည်ကြားက အဆင့်တစ်ခုခုဖြစ်နိုင်သည်. စစ်ပွဲပြီးရင်တော့ သူမဧကရာဇ်က သူမကို ဘွဲ့ထူးနဲ့ နယ်မြေတစ်ချို့ ပေးလောက်သည်ဟု သူမ ယူဆထားသည်

Lucius က တိုင်းတစ်ပါးသားအထက်တန်းလွှာတွေကို သူတို့ဘွဲ့ထူးနဲ့ နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းခွင့်ပေးခဲ့ပေမဲ့ အကုန်လုံးကိုတော့ မဟုတ်ပေ. ဒါကြောင့် ဘွဲ့တွေနဲ့နယ်မြေတွေအများကြီး ခွဲပေးရန် ကျန်နေသေးသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now