အခန်း ၁၁၆

84 10 2
                                    

Poliana က Lady Bika ဆုပ်ကိုင်ထားတဲ့ သူမလက်တွေကို ကြည့်လိုက်သည်. အမျိုးသမီးတွေရဲ့နေရာကို ဝင်ရောက်တဲ့အခါတိုင်း ခံစားရတဲ့ နွေးထွေးတဲ့ခံစားချက်မျိုးကို ဒီအမျိုးသမီးဆိကနေ ခံစားလို့ရနေသည်.
ပြီးခဲ့တဲ့ ရက်တွေက အလွန်အေးချမ်းတဲ့နေ့ရက်တွေဖြစ်ပြီး Poliana တစ်ခါမှ မကြုံတွေ့ဖူးတဲ့ နေ့ရက်တွေဖြစ်သည်. ဒါက သူမညီမ Liana နေထိုင်တဲ့ဘဝမျိုးဖြစ်လိမ့်မည်.

အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ရဲ့ဘဝ....

Poliana က အဲ့လိုဘဝမျိုးကို ဘယ်တုန်းကမှ အားမကျဘူးပေ. သူမကိုယ်ပိုင်ဘဝနဲ့ နှိုင်းယှဉ်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူးပေ. သူမ မိန်းမငယ်လေးဖြစ်ခဲ့တုန်းကတောင်မှ သူတို့ကြားက ကွဲပြားခြားနားချက်တွေကို မသုံးသပ်ခဲ့ပေ.

ပျော်ရွှင်မှုဆိုတာက သူမရွေးချယ်ရမဲ့ အရာမဟုတ်ဘူးဆိုတာကို အချိန်အခါတစ်ခု မရောက်သေးခင်အထိ မသိခဲ့တာကို Poliana ဝန်ခံရမည်. သူမက ဒီအချက်ကို ကောင်းစွာ သဘောပေါက်ခဲ့ပြီး. Lucius နဲ့ တွေ့ပြီးတဲ့ အချိန်မှာတော့ သူမက ပျော်ရွှင်မှုနဲ့ နီးကပ်လာသည်.

သူမအတွက် ပျော်ရွှင်မှုက သာမာန်အမျိုးသမီးတစ်ယောက်တွေးတောသလိုမျိုးမဟုတ်ပေမဲ့ Poliana ကတော့ ပျော်ရွှင်ခဲ့သည်.

သူမ ပျော်ခဲ့တယ်

ပြီးတော့ သူမ ဆက်ပြီး ပျော်ပျော်ကြီးနေသွားမယ်.

သူမကို တွေ့ချင်လို့ဆိုတဲ့ ဆင်ခြေသုံးကာ Lucius က သူမဆီကို ရုတ်တရက်အလည်လာခဲ့သည်. Poliana စိတ်ဓါတ်ကျနေမှာကို သူက စိတ်ပူခဲ့သည်. သူက သူမကို စိတ်လုံခြုံမှု ရစေချင်သည်. Sir Wook နဲ့ Donau တို့က သူမဆီကို မကြာခဏသတင်းပို့နေပေမဲ့ ဧကရာဇ်ကတော့ သူမနဲ့ ကိုယ်တိုင်စကားပြောချင်ခဲ့သည်.

Poliana ရဲ့လက်ထပ်မဲ့ကိစ္စနဲ့ပတ်သက်ပြီး Lady Bika ရဲ့အကြောင်းပြချက်ကလဲ မှားယွင်းမှုမရှိပေ. အမျိုးသားစစ်သည်အများစုက အသက် ၄၀ လောက်မှာ စတင်ပြီး အနားယူကြသည်. Poliana က အမျိုးသားတွေထက် အားနည်းတာကြောင့် သူမ ဒီအချိန်မှာ အနားယူတာက မထူးဆန်းပေ.

ဒါပေမဲ့ ဒါက ခြေလျင်တပ်သားတွေနဲ့ အဆင့်နိမ့်စစ်သည်တွေအတွက်ပဲဖြစ်သည်. အဆင့်မြင့်အရာရှိတွေကတော့ သူတို့ အနားယူဖို့ ဆုံးဖြတ်တဲ့အချိန်မှာ သူတို့က စီမံခန့်ခွဲရေးအလုပ်တွေ ပိုလုပ်ရမှာဖြစ်သည်. စစ်ရေးလေ့ကျင့်ခန်းတွေနဲ့ တိုက်ခိုက်ရေးတွေမှာ မပါဝင်တော့တာကြောင့် သူတို့က အသက်ကြီးတဲ့အထိ အလုပ်လုပ်နိုင်ကြသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now