အခန်း ၁၅၀

58 5 0
                                    

သူတို့ရဲ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေက ဓါးကိုင်ခွင့်မရှိပေ. ဒီအတိုင်း အမြဲတမ်းဖြစ်ခဲ့တာဖြစ်သည်. Rebecca က အမျိုးသားတွေ ဓါးကိုင်တာကို အားကျစွာနဲ့ ကြည့်နေတုန်းမှာ Poliana က သူမလက်ထဲမှာ ဓါးကိုင်ပြီးတော့ ဒီကမ္ဘာထဲမှာ သူမရဲ့ ကိုယ်ပိုင်လမ်းကို ဖောက်နေခဲ့သည်. Poliana က အခက်ခဲဆုံးအချိန်မှာတောင် သူမရဲ့ဓါးကို လက်မလွှတ်ခဲ့ပဲ Rebecca ကတော့ သူမအတွက် သတ်မှတ်ပေးထားတဲ့ ဒီလူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပဲ လိုက်နာနေခဲ့သည်.

ဒီလူ့အဖွဲ့အစည်းနဲ့လူတွေက သူမရဲ့ဓါးကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြပေမဲ့ Poliana ကတော့ သူမဓါးကိုင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့သည်. အဆုံးမှာတော့ Poliana က ဓါးကိုင်ခွင့်ရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံလိုက်ရသည်.

Rebecca, Poliana ကို တွေ့လိုက်တဲ့အချိန်မှာတော့ သူမဘယ်လောက်အထိ တုံးအပြီး မိုက်မဲခဲ့လဲဆိုတာကို သတိပြုမိလိုက်သည်. Poliana ဘယ်သူ့ကိုပဲ လက်ထပ်လက်ထပ် သူမဘဝနဲ့ အောင်မြင်မှုကတော့ ပြောင်းလဲသွားမှာ မဟုတ်ပေ.

Poliana က လွတ်လပ်မှုအပြည့်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်, အမျိုးသားတစ်ယောက်လိုမျိုး နေထိုင်နိုင်တဲ့ အမျိုးသမီးတစ်ယောက်

အမျိုးသမီးစစ်သည်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်တဲ့ ဝတ္ထုတွေကို Rebecca ဖတ်ဖူးသည်. Poliana ရခဲ့တဲ့ အောင်မြင်မှုမျိုးက ပုံပြင်တွေထဲမှာသာ ရှိနိုင်မယ်လို့ သူမထင်ခဲ့ပြီး. သူမ ထင်တာ မှားယွင်းခဲ့သည်.Rebecca က Poliana ကို ပြောလိုက်သည်.

"ယောက်ျားလေးတွေကပဲ ရည်မှန်းချက်ကြီးကြီးမားမားရှိသင့်တာလို့ လူတွေကပြောကြတယ်. ယောက်ျားလေးတွေကို ရည်မှန်းချက်ထားဖို့ သင်ပေးခဲ့ပြီး မိန်းကလေးတွေကတော့ ဖဲကြိုးတွေပဲ ရှိသင့်တယ်တဲ့ ယောက်ျားလေးတွေကို လောဘကြီးဖို့ တိုက်တွန်းကြပေမဲ့ မိန်းကလေးတွေကိုတော့ နူးညံ့သိမ်မွေ့ဖို့နဲ့ သဘောထားကြီးမြတ်ဖို့ပဲ ဖိအားပေးခဲ့ကြတယ်. လက်ဝတ်ရတနာတွေ, အဝတ်အထည်တွေနဲ့ ချောမောခန့်ညားတဲ့ခင်ပွန်းတွေကသာ မိန်းကလေးတွေအနေနဲ့ လောဘတက်ခွင့်ရှိတဲ့ အရာတွေပဲ တဲ့. ကျွန်မဘဝတစ်ခုလုံးမှားယွင်းခဲ့တယ်. ကျွန်မရသင့်ရထိုက်တာကိုပဲ လောဘကြီးခွင့်ရခဲ့တယ်. လှပတဲ့ ကျောက်မျက်ရတနာတွေ, တန်ဖိုးကြီး အဝတ်အထည်တွေနဲ့ ဒီတိုက်ကြီးမှာ အာဏာအရှိဆုံးအမျိုးသား... ဒါပေမဲ့ အမှန်တကယ်တော့ ကျွန်မပိုပြီး လောဘကြီးခဲ့သင့်တာ. ကျွန်မပိုပြီးတော့ တိုက်ခိုက်ခဲ့သင့်တာ. အနည်းဆုံးတော့ ကျွန်မကို ခွင့်မပြုပေးခဲ့တဲ့အရာတွေအတွက် ကြိုးစားခဲ့သင့်တာ. ကျွန်မ ပိုပြီး သတ္တိရှိခဲ့သင့်တာ"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now