အခန်း ၁၄၄

59 6 0
                                    

အချိန်တွေအများကြီး ကုန်ဆုံးသွားပေမဲ့ Acreian အထက်တန်းလွှာတွေရဲ့ ကိုယ်ပိုင်စစ်တပ်ပြဿနာကို မဖြေရှင်းနိုင်သေးပေ. လတ်တလောသတင်းပေးပို့ချက်တွေအရ, အခြေအနေတွေက ပိုဆိုးလာနေသည်. Acreian အထက်တန်းလွှာတွေက စစ်ဖြစ်ချင်နေတာလား? သူတို့စစ်တပ်တွေကို လက်နက်အင်အားပိုပြီးဖြည့်တင်းနေတာကြောင့် ဒီအချက်ဖြစ်နိုင်ချေရှိသည်.

'သူတို့က ဘာလို့ ငါ့ဘဝကိုခက်ခဲအောင် အမြဲလုပ်နေရတာလဲ?'

ဧကရာဇ်က စိတ်ရှုပ်နေကာ မျက်မှောင်ကြုံ့နေတာက မပြေလျော့တော့ပေ. သူ့ရဲ့ကိုယ်ပိုင်အစေခံ Chail က ဧကရာဇ်ကို အနားယူသင့်ကြောင်း အကြုံပြုလိုက်ပေမဲ့ Lucius က ဒေါသတကြီး ပြန်ဖြေလိုက်သည်.

"ငါက ဘယ်လိုလုပ်နားလို့ရမလဲ?!"

အာဏာပိုရှိလာတာက ပိုပြီး တာဝန်ကြီးလာတာပဲဖြစ်သည်. သူ့တိုင်းပြည်ကို အုပ်ချုပ်ရင်းနဲ့ ရူးသွပ်သွားမယ်ဆိုရင် ဒီတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့တာက ဘာလုပ်တော့မှာလဲ? ကြောက်စရာကောင်းပြီး တကိုယ်ကောင်းဆန်တဲ့ အုပ်ချုပ်သူတွေလက်ထဲကနေ ပြည်သူတွေကို ကယ်တင်ပေးခဲ့တဲ့ ကြင်နာပြီး သဘောထားကြီးမြတ်တဲ့ဧကရာဇ်အဖြစ် Lucius ကို အသိအမှတ်ပြုထားကြသည်. Lucius က အာဏာရှင်တစ်ယောက်မဟုတ်တာကြောင့် ဒီအချက်က အမှန်တရားဖြစ်သည်.

အခုတော့ သူ အသက်ငယ်ငယ်လေးနဲ့ အလုပ်ပိရင်း မသေသွားတာကလွဲရင်တော့ သူအသက်ကြီးမှသာ အနားယူဖို့ ဖြစ်နိုင်တော့မယ်ဆိုတာကို ဧကရာဇ်က သိလိုက်သည်. သူ့မှာ လုပ်စရာတွေများလွန်းနေတာကြောင့် သူတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးဖြစ်နေသည်. အရာရှိတွေ ပြင်ဆင်ပေးထားတဲ့ အကျဉ်းချုံးတင်ပြချက်တွေကို ဖတ်နေရတာနဲ့တင် အချိန်အတော်ကြာကုန်ဆုံးနေသည်.

Luciucs က စိတ်ရှုပ်ကာ ဒေါသထွက်နေသည်. သူတတ်နိုင်သလောက်အလုပ်အများကြီးလုပ်နေပေမဲ့ Acreia က ပြဿနာတွေက မကုန်ဆုံးနိုင်ပေ. Acreia က လူတွေက အထွန့်တက်နေတာတွေက ဘယ်တော့မှ ရပ်တန့်မဲ့အရိပ်အယောင်မရှိတာကြောင့် သူက ဘာလို့ဒီလိုဖြစ်နေလဲဆိုတာကို နားမလည်နိုင်ပေ. သူ့ရဲ့ဇာတိမြေ Acreia က သူ့အတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်ရမှာဖြစ်ပေမဲ့ တောင်ပိုင်းဒေသကသာ ငြိမ်းချမ်းစွာတည်ရှိနေတာဖြစ်သည်. သူ့စိတ်ခံစားချက်တွေကို တည်ငြိမ်အေးချမ်းစေတာကြောင့် တောင်ပိုင်းဒေသက သူအနှစ်သက်ဆုံးဒေသဖြစ်လာသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now