အခန်း ၁၅၄

56 7 0
                                    

မိသားစုဝင်တွေ, မိတ်ဆွေသူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေအတွက် လက်ဆောင်ပေးဖို့ ရွေးရတာက အမျိုးသမီးတွေရဲ့ အလုပ်ဖြစ်သည်. သာမာန်လူတန်းစားတွေအတွက်တော့ အဝတ်အထည်တစ်ချို့, ချည်ထည်စတွေနဲ့ အစားအစာတွေက ရေပန်းစားတဲ့ လက်ဆောင်ပစ္စည်းတွေဖြစ်ကြသည်. ချမ်းသာတဲ့အထက်တန်းလွှာတွေကတော့ လက်သမားအနည်းငယ် ခန့်အပ်ကာ သူတို့ သူငယ်ချင်းတွေအတွက် အထူးသီးသန့်လက်ဆောင်တွေကို ပြုလုပ်ခိုင်းတတ်ကြသည်. Poliana က အမျိုးသားတွေကို လက်ဆောင်ပေးဖို့အတွက် ကောင်းမွန်တဲ့ ပစ္စည်းတစ်ချို့ကို စဉ်းစားမိပေမဲ့ ကလေးတစ်ယောက်အတွက်ကရော? သူမ မစဉ်းစားတတ်ပေ.

Sirs Rabi နဲ့ Baufallo တို့လို့ အဆင်မြင့်အထက်တန်းလွှာတွေက လက်ဆောင်ကောင်းကောင်းရနိုင်တယ်ဆိုတာကို Poliana သေချာသိနေသည်. Marquess Winter အနေနဲ့ လက်ဆောင်ကောင်းကောင်းပေးဖို့ လိုတာဖြစ်ပြီး မဟုတ်ရင်တော့ သူမနာမည်ထိခိုက်လာနိုင်သည်. သူတို့ကို သာမာန်လက်ဆောင်တွေပို့ပေးလို့ မဖြစ်ပေ.

ပြီးတော့ ကလေးအဖေဖြစ်လာတော့မဲ့သူက သူမရဲ့ မွေးစားမောင်လေးလဲဖြစ်နေသည်. သူမက Sir Howe နဲ့လဲ ရင်းနှီးတာကြောင့် ဒီကလေးတွေက သူမရဲ့ တူတွေ တူမတွေဖြစ်လာမှာဖြစ်သည်.

'အို!'

သူမက အဒေါ်ဖြစ်တော့မှာပေါ့!

'ငါ ယုံတောင်မယုံနိုင်ဘူး! ငါက အဒေါ်တစ်ယောက်ဖြစ်တော့မယ်လား?!'

Poliana က စိတ်လှုပ်ရှားစွာနဲ့ အနီးနားက နံရံကို ထိုးချလိုက်သည်. အနားမှာရှိနေတဲ့ အကူတွေက ထိတ်လန့်တုန်လှုပ်သွားကြသည်. Poliana က စာတွေဖောက်ဖတ်တုန်းက ဒီအချက်ကို သတိမထားမိပဲ အခုကျမှသာ သူမက စိတ်လှုပ်ရှားလာသည်.

'Gyaaa!! ဘုရားသခင်! ငါက! ငါက အဒေါ်ဖြစ်တော့မယ်!'

သူမက စိတ်လှုပ်ရှားစွာနဲ့ သူမကိုယ်သူမ ရိုက်လိုက်ကာ တွေးလိုက်သည်.

'ဒါကြောင့် လူတွေက ကလေးတွေအများကြီးလိုချင်တာနေမှာ. ကလေးတွေက လူတွေကို ပျော်ရွှင်စေတာပဲ!'

ရဲတိုက်အပြင်ဘက်က လမ်းတွေပေါ်မှာ ကလေးတွေအများကြီးရှိသည်. Poliana က ကလေးတွေနားမှာ စိတ်မသက်မသာဖြစ်တတ်ပေမဲ့ သူမက သူတို့ကိုတော့ သဘောကျသည်. Vaxi, Vanessa, Donau နဲ့ Sir Howe တို့ရဲ့ ကလေးတွေက သူမအတွက် ထူးခြားတဲ့သူတွေ ဖြစ်လာမှာဖြစ်သည်. သူမက လက်ဆောင်တွေကို သေချာဂရုစိုက်ပြီး ရွေးချယ်ဖို့လိုသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now