အခန်း ၉၉

71 10 1
                                    

ရဲတိုက်အရှေ့မှာတော့ အဆင့်မြင့်အရာရှိတွေနဲ့ အထက်တန်းလွှာတွေက ဧကရာဇ်ကို စောင့်နေကြသည်. Lucius သူတို့နားရောက်သွားတော့ လူတစ်ယောက်ကရှေ့ထွက်လာခဲ့သည်. သူက တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားကာ အရိုအသေပေးဟန်နဲ့ ဧကရာဇ်ဆီကို လျှောက်လာသည်.

သူက ဧကရာဇ်မရှိတဲ့အချိန်မှာ Acreia ကို စီမံခန့်ခွဲနေတဲ့ Lucius ရဲ့ ညီဝမ်းကွဲ Duke Luzo ဖြစ်သည်. တကယ်လို့ Duke Luzo က ဧကရာဇ်ကို သစ္စာဖောက်ခဲ့ရင်တော့ Lucius က ဒီလောက်အထိ အလုပ်လုပ်နိုင်ခဲ့မှာ မဟုတ်ပေ

Duke က ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်.

"အရှင့်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်"

"Duke Luzo မင်းငါ့ကို ဦးညွှတ်ဖို့ မလိုပါဘူး. ဒီစစ်အတွင်းမှာ မင်းငါ့အတွက် အများကြီး လုပ်ပေးခဲ့တာပဲ"

Duke Luzo ရဲ့ ခိုင်မြဲတဲ့သစ္စာရှိမှုသာမရှိခဲ့ရင် Lucius က ဒီတိုက်ကြီးကို စုစည်းနိုင်ခဲ့မှာ မဟုတ်ပေ. ဧကရာဇ်က ရဲတိုက်ထဲ ချက်ချင်းမဝင်ပဲ သူ့ကို ချီးမွှမ်းနေတာကြောင့် Duke က သူ့ကို အလွန်ကျေးဇူးတင်နေသည်

ဧကရာဇ်အတွက် ဘာအန္တရာယ်မှ မရှိနိုင်ဘူးဆိုတာ သေချာသွားချိန်မှာတော့ Poliana က စိတ်သက်သာရာရသွားသည်.

'အမ်. Duke က ငါထင်ထားတာထက် အသက်ပိုကြီးတဲ့ပုံပေါက်နေတယ်'

ဧကရာဇ်အစား စိတ်ဖိစီးမှုတွေများတဲ့အလုပ်လုပ်ခဲ့ရလို့လား ဒါမှမဟုတ်. သူ့နဖူးက အရင်တည်းက ပြောင်နေတာလား? Duke Luzo က Lucius ထက် အသက်အများကြီး ကြီးတဲ့ပုံ ပေါက်နေသည်. သူ့နဖူးမှာ ဆံပင်တွေပြောင်နေတာကို Poliana က သေချာမြင်လိုက်ရသည်.

'ကြည့်ရတာ ထိပ်ပြောင်နေလို့ အသက်ပိုကြီးတဲ့ပုံပေါက်နေတာဖြစ်မယ်'

တကယ်လို့ Duke Luzo သာ Poliana စဉ်းစားနေတာကိုသိလိုက်ရင် သူမေ့လဲသွားနိုင်သည်. လွန်ခဲ့တဲ့ ဆယ်နှစ်က သူ့ပုံစံဘယ်လိုရှိခဲ့လဲဆိုတာကိုတော့ သူမ မသိချေ. ဧကရာဇ်လောက် ချောမောခန့်ညားတာမျိုးတော့ မဟုတ်ပေမဲ့ Duke Luzo က တိုင်းပြည်ရဲ့ အချောဆုံးအမျိုးသားတွေထဲက တစ်ယောက်ဖြစ်ခဲ့သည်. သူထိပ်ပြောင်သွားတာက ရှက်စရာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now