အခန်း ၁၀၈

76 10 0
                                    

Marquis Seeze ရဲ့ အိမ်တော်က Nanaba မှာတည်ရှိကာ တော်ဝင်ရဲတိုက်လိုပဲ ခမ်းနားတင့်တယ်သည်. သူက Lucius ရဲ့အဘိုးလက်ထက်တည်းက အမှုထမ်းခဲ့တဲ့ အထက်တန်းလွှာမိသားစု ဖြစ်တာကြောင့် ဒီမိသားစုက အာဏာအခွင့်ထူးတွေရှိနေတာသေချာသည်. Lucius ရဲ့အဘိုးက အသက်ငယ်ငယ်လေးနဲ့ သေဆုံးသွားကာ သားနှစ်ယောက်ကျန်ခဲ့သည်. အဲ့အချိန်ကစပြီးတော့ Acreiaမှာ Marquis Seezeက အာဏာနဲ့လုပ်ပိုင်ခွင့်တွေ ပိုရလာခဲ့သည်. သူ့ကလေးတွေကို အာဏာရှိမိသားစုတွေနဲ့ လက်ထပ်ပွဲစီစဉ်ကာ သူ့အာဏာတွေကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ခဲ့သည်.

Sir Bentier က အိမ်ပြန်ရောက်တာတောင်မှ သူ့မှာ နားချိန်မရှိခဲ့ပေ. စစ်တပ်တစ်ခုလုံးရဲ့ ဒုတပ်မှူးဖြစ်တာကြောင့် စစ်ပွဲပြီးသွားတာတောင်မှ သူ့မှာလုပ်စရာတွေအများကြီးရှိနေသည်.

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ သူ့အိမ်က ဘာမှပြောင်းလဲမသွားပေ. အိမ်ကအရင်လိုပဲ တန်ဖိုးကြီးဇိမ်ခံအိမ်ဖြစ်ပြီး သူ့အဖေနဲ့ သူ့ဦးလေးတွေကလဲ အရင်လိုပဲ သူစိမ်းဆန်နေဆဲဖြစ်သည်. သူ့ဇနီးကလဲ အရင်လို ယဉ်ကျေးသိမ်မွေ့စွာနဲ့ မပြောင်းလဲပဲ ရှိနေဆဲဖြစ်သည် သူထွက်သွားတဲ့အချိန်တုန်းက ကလေးငယ်လေးဖြစ်ခဲ့တဲ့ သူ့သားကတော့ ကလေးလေးမဟုတ်တော့ပေ.

Sir Bentier က သူ့သားခေါင်းကို ပုတ်လိုက်ကာ သူ့ဇနီးကို ခေါင်းငြိမ့်ပြလိုက်သည်. ဒါနဲ့ပဲ သူတို့နှုတ်ဆက်တာက ပြီးသွားပြီ.

ဘယ်အရာမှ ပြောင်းလဲခြင်းမရှိခဲ့ပေ. ဧကရာဇ်နဲ့ ပတ်သက်ပြီး သူ့စိတ်ပြောင်းသွားတာကို မသိသေးတဲ့ Marquis Seeze ကတော့ ပြောင်းလဲမှုအနည်းဆုံးဖြစ်သည်.

ဒီလူအိုကြီးက သူ့မြေးကို ဘယ်လောက်ယုံကြည်လဲဆိုတာ ထုတ်မပြပေ. Marquis Seeze က သူ့မြေးကို အခုထိ အပြည့်အဝမယုံကြည်သေးတာဖြစ်သည်. ဒါက Marquis ကိုယ်တိုင်ကလဲ လိုအပ်လာရင် ဘယ်သူ့ကိုမဆိုသစ္စာဖောက်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေနိုင်တာကြောင့်လဲဖြစ်နိုင်သည်.

Sir Bentierက သူ့ဘဝတစ်လျှောက်လုံးမှာ သူ့အဘိုးစိတ်တိုင်းကျနေခဲ့တာဖြစ်သည်.

Marquis က တခြားအကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်နေတာကြောင့် သူက Marquis ရဲ့အခန်းအပြင်မှာ တိတ်တိတ်လေး ရပ်စောင့်နေသည်. Tory က လက်ဖက်ရည်ဗန်းကိုင်ကာ ထွက်လာပြီး‌ Sir Bentier ကိုတွေ့လိုက်တော့ သူမက သူ့ကို လေးစားစွာနဲ့ ဦးညွှတ်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now