အခန်း ၈၁

93 12 0
                                    

တိုင်းပြည်တွေအားလုံးက အင်ပါယာတစ်ခုအဖြစ် စုစည်းသွားသည်.

Acreia

ပြီး‌တော့ ဒီဟာက Lucius ရဲ့ ပိုင်ဆိုင်မှုဖြစ်သည်

ပထမဆုံး သူလုပ်တဲ့အရာက သူ့စစ်တပ်ကို ပြန်လည်ဖွဲ့စည်းတာဖြစ်သည်. တပ်ဖွဲ့ဝင်အသစ်တွေကို ခန့်အပ်ဖို့ ကြေငြာပြီးချိန်မှာပဲ လက်အောက်ခံနယ်မြေအသီးသီးကနေ လူပေါင်းများစွာက စာရင်းပေးလာကြသည်

စာရင်းပေးတဲ့လူက အရမ်းများတာကြောင့် သူတို့အကုန်လုံးကို တပြိုင်နက်တည်း မခန့်အပ်နိုင်ခဲ့ပေ. နောက်ဆုံးမှာတော့ စစ်တပ်အတွေ့အကြုံရှိပြီး ရာထူးမြင့်တဲ့သူတွေကိုပဲ ရွေးချယ်လိုက်ရသည်.


 တောင်ပိုင်းဒေသတစ်ခုလုံးက သူ့လက်အောက်ရောက်လာခဲ့ပေမဲ့ သူက ဒီတိုက်ကြီးရဲ့အဆုံးကို ကိုယ်တိုင်သွားချင်သေးသည်. သူက သူပိုင်တဲ့နယ်မြေမှာ သူ့ခြေထောက်နဲ့သူ မတ်တပ်ရပ်ချင်သေးသည်. သူနဲ့အရင်းနှီးဆုံးသူတွေက ကံကောင်းစွာနဲ့ သူနဲ့အတူ နောက်ဆုံးခရီးကို လိုက်ပါခွင့် ရကြသည်

မြောက်ပိုင်းဒေသကနေ တောင်ပိုင်းဒေသအဆုံးအထိ..

Lucius က တောင်စွန်းတစ်ခုမှာ မတ်တပ်ရပ်ကာ တောင်ပိုင်းပင်လယ်ကို ကြည့်လိုက်သည်.

ဒီပင်လယ်က ဆောင်းတွင်းမှာတောင် ဘယ်တော့မှ မအေးခဲပေ...

ပင်လယ်စင်ရော်တွေက ကျယ်လောင်စွာအော်ဟစ်နေကြပြီး လှိုင်းလုံးတွေက ကခုန်နေကြသည်. နေရောင်က တောက်ပနေသည်. သူကမ်းခြေဘက်သွားလိုက်တော့ သူ့ဖိနပ်နဲ့ အင်္ကျီမှာ သဲတွေ ကပ်ညှိလာသည်. ပင်လယ်ရဲ့အငွေ့အသက်တွေပါတဲ့ လေက သူ့အရေပြားကို လာထိနေသည်

သူနဲ့မရင်းနှီးတဲ့ သဲမြေကြောင့် သူ့မြင်းက တုန်လှုပ်နေသည်. သူ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်နေပေမဲ့ Lucius က လမ်းပျောက်တဲ့ ကလေးငယ်လို လျှောက်ကြည့်နေသည်. သူက ကမ်းခြေတစ်လျှောက် မြင်းစီးနေသည်.

ဧကရာဇ်က သူ့အချိန်သူယူနေပြီး ဘယ်သူကမှ စောဒကမတက်ကြပေ.. သူတို့က သူ့နောက်ကို လိုက်သွားကြပြီး. နောက်ထပ်အငူတစ်ခုကိုရောက်သွားတော့ ဧကရာဇ်က တိတ်ဆိတ်ကာ ရပ်တန့်သွားသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now