အခန်း ၈၉

84 13 0
                                    

Lucius က Sir Ainno ပြောလာမှာကို အတိအကျသိနေသည်. ဒါပေမဲ့ သူ့အခြေအနေက လုံးဝမျှော်လင့်ချက်ကင်းမဲ့နေတာတော့ မဟုတ်ဘူးလို့ သူယုံကြည်နေသည်. ပြီးတော့ လတ်တလောအချိန်အထိ သူကလဲ Poliana ကို အမျိုးသမီးတစ်ယောက်လို့ မြင်မိခဲ့တာမဟုတ်ပေ. သူ့စိတ်ထဲက တစ်ခုခုက ပြောင်းလဲသွားပြီးတော့ သူမကို ချစ်မိသွားခဲ့တာ ဒါကြောင့် ဒီလိုမျိုးက သူမဆီမှာလဲ ဖြစ်လာနိုင်သည်.

ဧကရာဇ်က ဒီအချက်ကို ထောက်ပြလိုက်တော့ Sir Ainno က စိတ်ရှုပ်စွာနဲ့ ပြန်ဖြေလိုက်သည်.

"အဲ့တာက မတူဘူးလေ. မင်းက ရူးနေပြီးတော့ သူမက မရူးနေတာ"

Lucius က လန့်သွားပြီး ဘာပြောရမှန်းမသိတော့ချေ. Sir Ainno က သက်ပြင်းချကာ ပြန်ပြောလိုက်သည်.

"ဒါကြောင့် မင်းလုပ်ချင်တာသာ လုပ်"

"ဘာ?"

"ငါ မင်းရဲ့ သူငယ်ချင်းအနေနဲ့ ပြောနေတာ. မင်းလုပ်ချင်တာလုပ် ငါမင်းဘက်မှာ အမြဲတမ်းရှိမယ်"

သူဒီလိုပြောနေတာတောင်မှ Sir Ainno က အမှန်တရားကို သဘောပေါက်သည်.

'သူမ မင်းကို ငြင်းပယ်လိမ့်မယ်'

ဒီစကားတွေကို သူ့သူငယ်ချင်းကိုတော့ ထုတ်မပြောနိုင်ပေ. Sir Ainno က ထပ်ပြောလိုက်သည်.

"ဒါပေမဲ့ မင်းတစ်ခုတော့ သတိရနေရမယ်. သမိုင်းတစ်လျှောက်မှာ သူတို့ခံစားချက်ကို မထိန်းချုပ်နိုင်လို့ အာဏာရူးဖြစ်သွားတဲ့ အုပ်ချုပ်သူတွေ အများကြီးရှိခဲ့တယ်. Lucius မင်းက တခြားသူတွေလိုမဟုတ်ဘူး. မင်းက ဒီတိုက်ကြီးတစ်ခုလုံးရဲ့ ဧကရာဇ်တစ်ပါး. မင်းအာဏာရှင်တစ်ယောက်ဖြစ်လာရင် ဘာဖြစ်သွားမယ်လို့ထင်လဲ? ဒီကမ္ဘာတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်တဲ့ အာဏာရှင်... မင်း လမ်းကြောင်းမှားသွားခဲ့ရင် ငါ မင်းကို သတ်ပစ်မယ် Lucius. ပြီးတော့ သနားစရာကောင်းတဲ့ Luzo ကို ထီးနန်းလွှဲလိုက်မယ်. ဒါက မင်းရဲ့ စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါလုပ်နိုင်တာအကုန်ပဲ"

Ainno, Lucius နဲ့ Luzo တို့က ကလေးဘဝတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်. Sir Ainno က ဆက်ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now