အခန်း ၃၂

95 21 0
                                    

နောက်ရက်မှာတော့ Lucius က သူ့ကတိအတိုင်း မြေပုံတစ်ခု ထုတ်ပေးလာတယ်

မြေပုံကို ကြည့်ရုံနဲ့တော့ သူမက ဘာမှ ပြောလို့မရသေးဘူး.. 

Poliana က မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ မြို့လေးတွေကို သွားဖို့ ဆုံးဖြတ်လိုက်သည် သူမအနေနဲ့ ဘယ်သူမှ မလိုတာကြောင့် Donau ကိုပဲ သူမနဲ့အတူခေါ်လာခဲ့သည်

သူတို့ဆီမှာ မြင်းအပိုတွေအများကြီးမရှိတာကြောင့် သူတို့နှစ်ယောက်ပဲသွားတာက အသင့်တော်ဆုံးဖြစ်သည်

Poliana မရှိတာကြောင့် Sir Baufallo က Sir Rabi ဆီကနေ Sir Howe ကို ခဏငှားထားသည်

မြင်းတွေကို တာဝန်ယူထားတဲ့ စစ်သားက မြင်းတစ်ကောင်ပဲ ပေးလို့ရမဲ့အကြောင်း ပြောလာသည်

Poliana က ပြောလိုက်တယ်

"အဲ့တာဆိုလဲ ငါတို့ အတူတူစီးတာပိုကောင်းမယ်"

Donau က ကျယ်လောင်စွာနဲ့ ဆန္ဒပြလိုက်ပေမဲ့ သူမက လစ်လျှူရှုလိုက်ကာ မြင်းပေါ်တက်လိုကသည် သူတို့တွေက ဘယ်သူက အရှေ့မှာစီးမလဲဆိုတာကို ရန်ဖြစ်နေကြသည်

နောက်ဆုံး Poliana က သူ့ကို လမ်းလျှောက်ဖို့ ခြိမ်းခြောက်လိုက်တော့ Donau က လက်လျော့သွားသည်

လူနှစ်ယောက်က မြင်းတစ်ကောင်တည်းစီးတယ်ဆိုရင် အရှေ့မှာထိုင်တဲ့သူက ကာကွယ်ပေးခံရမဲ့သူဖြစ်တယ်. ဥပမာအနေနဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေက အရှေ့မှာထိုင်စီးပြီးတော့ စစ်သည်ကတော့ သူတို့အနောက်မှာထိုင်ရတယ်

Poliana နဲ့ Donau ရန်ဖြစ်ရတဲ့အကြောင်းက ဘယ်သူမှ အကာအကွယ်မခံချင်လို့ဖြစ်တယ်. သူတို့နှစ်ယောက်လုံးက ကာကွယ်ပေးဖို့ မထိုက်တန်ဘူးလို့ တွေးထားကြသည်

တကယ်လို့ အမျိုးသားစစ်သည်က တခြားအမျိုးသားတစ်ယောက်နဲ့ မြင်းတစ်ကောင်တည်း တူတူစီးရမယ်ဆိုရင် စစ်သည်ကအရှေ့မှာထိုင်စီးရမယ်. တကယ်လို့ Poliana ကို အမျိုးသမီးလို့ယူဆရင် Donau က သူမကို တု့န်ဆိုင်းခြင်းမရှိပဲ အရှေ့မှာထိုင်စီးဖို့ နေရာပေးမှာဖြစ်ပြီး တကယ်လို့ Donau အငယ်ဖြစ်နေရင်တော့ Poliana က သူ့ကို အရှေ့မှာစီးဖို့ နေရာပေးမှာဖြစ်သည်

Emperor and the Knightness (Zawgyi) Book - 1Où les histoires vivent. Découvrez maintenant