အခန်း ၁၉၉

171 2 0
                                    

ဧကရာဇ်ထွက်သွားချိန်မှာ သူနဲ့အတူ စစ်သည်တွေအကုန်လုံးကို ခေါ်မသွားခဲ့ပေ. ဒါ့ကြောင့် Nanaba ရဲတိုက်မှာ ဒုတိယတပ်ဖွဲ့က ကိုယ်ရံတော်တွေ ကျန်နေခဲ့သည်. ပထမတပ်ဖွဲ့က ကိုယ်ရံတော်တွေကတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဧကရာဇ်နောက်ကို လိုက်သွားခဲ့သည်.

Nanaba ရဲတိုက်မှာကျန်နေခဲ့တဲ့ ဒုတိယတပ်ဖွဲ့ဝင်တွေက ဧကရာဇ်ရဲ့ဇနီးတွေကို ကာကွယ်ဖို့ နေခဲ့တာဖြစ်သည်. Poliana က သူတို့ကိုမေးလိုက်သည်.

"ဒါဆို မင်းတို့အားလုံးက Nanaba မှာ တစ်ချိန်လုံးရှိနေတာပေါ့?"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်!ခေါင်းဆောင်ဒီမှာရှိနေတာကို ကျွန်တော်တို့က ဘယ်သွားရမှာလဲ?"

"ဟုတ်လား. ငါအိပ်ယာထဲလဲနေတုန်းက မင်းတို့တစ်ယောက်မှ မလာကြတော့ မင်းတို့အားလုံးထွက်သွားပြီထင်နေတာ"

"..."

"နေမကောင်းဖြစ်နေတဲ့ခေါင်းဆောင်ကို လာမကြည့်ဘူး... မင်းတို့တော်တော်လေး အေးဆေးနေနေတာပဲ, ဟုတ်လား? မင်းတို့ ငါပြောတာ သဘောတူလား?"

"ကျွန်တော်တို့တောင်းပန်ပါတယ် Sir Poliana. ကျွန်တော်တို့ သေသင့်ပါတယ်"

သူမရဲ့လူတွေက ကြောက်လန့်တကြားဖြစ်ကာ တုန်လှုပ်သွားကြတော့ Poliana ကရယ်ကာ ပြောလိုက်သည်.

"ငါနောက်နေတာပါ"

"ခေါင်းဆောင်!! ဒီလိုမျိုးနောက်ထပ် ဘယ်တော့မှ မပြောပါနဲ့ဗျာ! ခေါင်းဆောင်ရဲ့ဟာသတွေက ဧကရာဇ်နဲ့တူလာနေပြီ. နည်းနည်းလေးမှမရယ်ရဘူး!"

"ဟုတ်တယ် ခေါင်းဆောင်!!. ကျေးဇူးပြုပြီး အဲ့လိုဟာသတွေ မပြောပါနဲ့"

"ဪ. မင်းတို့ခေါင်းဆောင်ရဲ့ ဟာသတွေက မရယ်ရဘူးလို့ ပြောနေတယ်ပေါ့... မင်းတို့ အရမ်းအေးဆေးဖြစ်နေတယ်ထင်တယ်, ဟုတ်လား?"

"ခေါင်းဆောင်!"

Sir Ainno က နည်းနည်းလေးမှ ဟာသဉာဏ်မရှိပေ. Sir Mahogal ရဲ့ ပေါ့ပေါ့ပါးပါးစနောက်တတ်တဲ့စကားတွေကြောင့် လူတွေက သူ့အနားမှာဆို ပျော်နေတတ်ကြသည်. Poliana ရဲ့ ဟာသတွေကတော့ ကြောက်ဖို့ကောင်းပေမဲ့ ရယ်စရာတော့ကောင်းသေးသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now