အခန်း ၁၈၄

39 5 0
                                    

Poliana က သူမလက်ညှိုးကို ပါးစပ်နားတေ့ကာ Frau ကို အချက်ပေးလိုက်သည်. တခြားတော်ဝင်သမားတော်တွေက သူမကိုမှတ်မိသွားမှာ မတတ်နိုင်ပေမဲ့ ဒီနေရာမှာရှိနေတဲ့လူတိုင်းကိုတော့ Marquess Winter ရောက်နေတယ်ဆိုတာကို မသိစေချင်ပေ.

သူမက Frau ကိုပြောလိုက်သည်.

"အသံအကျယ်ကြီးမထွက်နဲ့ ငါ့အကြောင်းလူတွေပြောမှာ မလိုချင်ဘူး"

"ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ Marquess?"

"မြို့တော်မှာ အရေပြားရောဂါဖြစ်နေတယ်လို့ အရှင်က ပြောတယ်. မင်းကိုလဲ ဒီနေရာကို လာစစ်ခိုင်းထားတယ်ဆိုတော့ ဘာတွေဖြစ်နေလဲဆိုတာ လာကြည့်တာ"

Poliana က သိချင်စိတ်တစ်ခုတည်းနဲ့ လာခဲ့တာဖြစ်ပေမဲ့ သူမက အဆင့်မြင့်အစိုးရအရာရှိဖြစ်တာကြောင့် သူမအနေနဲ့ ဆေးရုံအကြောင်းတော့ သိထားသင့်သည်. Frau က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့နေရာကို ခဏကြည့်ခိုင်းကာ Poliana က သတင်းပို့လိုက်သည်.

အရေပြားရောဂါအသစ်က မြို့တော်အနှံ့လျင်မြန်စွာပျံ့နှံ့နေပေမဲ့ အရမ်းပြင်းထန်တဲ့ ရောဂါတော့မဟုတ်ပေ. ရောဂါလက္ခဏာတွေက အရမ်းမပြင်းထန်ပဲ ပိုးကောင်ကိုက်တာနဲ့ ဆင်တူသည်. အသေးစိတ်သိပြီးသွားတော့ Poliana က စိတ်သက်သာရာရသွားကာ ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်သည်.

Frau ကို ကြည့်ရတာ တခြားတော်ဝင်သမားတော်တွေထက် သာမာန်လူတန်းစားတွေကို ပိုပြီး သက်တောင့်သက်သာ ဆက်ဆံနိုင်ပုံရသည်. သာမန်လူတန်းစားတွေကို ဆေးကုသပေးရင်း ဖမ်းမိတဲ့အကြောင်း ကောလဟာလက မှန်ကန်ပုံရသည်.

Poliana ကမေးလိုက်သည်.

"မင်းက သာမန်လူတန်းစားတွေကို ကုပေးနေတယ်လို့ ငါကြားထားတာ ဟုတ်နေတာပေါ့?"

"ဟုတ်ပါတယ်. ကျွန်တော့်ဆရာက ဖမ်းမိသွားတာ ပြီးတော့ တော်ဝင်ရဲတိုက်ကနေ မောင်းထုတ်တော့မလို့ပဲ"

Frau ရဲ့ မျက်နှာက တောင့်တင်းလာသည်. Poliana က ထပ်မေးလိုက်သည်.

"အဲ့တာဆို မင်းဆေးကုပေးတာတွေအတွက် ပိုက်ဆံယူတယ်ဆိုတာလဲ မှန်တာပေါ့?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now