အခန်း ၁၂

132 28 0
                                    

စစ်သည်ရဲ့မျက်နှာက အမူအရာပြောင်းသွားတာကြောင့် Lucius က သူအခုဘာပြောမိလိုက်လို့ပါလိမ့် ဆိုပြီးတော့ စဉ်းစားလိုက်တယ်

ခဏကြာတော့ သူသဘောပေါက်သွားတယ်. ဒါက အရမ်းအရေးတော့မကြီးဘူး...

ဒါက တိုင်းပြည်တွေမှာရှိတဲ့ ကွဲပြားတဲ့ဓလေ့ထုံးတမ်းတွေကြောင့်ဖြစ်တယ် ပြီးတော့ သူနောက်ထပ်တိုင်းပြည်တွေကို ဆက်လက်သိမ်းပိုက်တာနဲ့အတူ ဒီလိုဓလေ့ထုံးတမ်းမတူညီတာတွေက နားလည်မှုလွဲစေနိုင်တယ်ဆိုတာကို သူနားလည်ထားသည်

Lucius က Poliana ကို ရှင်းပြလိုက်သည်

"Acreia က အမဲလိုက်မုဆိုးတွေရဲ့ နယ်မြေဖြစ်တယ်. အမျိုးသားအများစုက အမဲလိုက်မုဆိုး ဒါမှမဟုတ် စစ်သားတွေဖြစ်တယ်. ပြီးတော့ မျိုးနွယ်တူတွေထဲမှာ မိသားစုဝင်တွေလဲ အများကြီးရှိကြတယ်.... အဲ့ဒီတော့ မျိုးရိုးနာမည်ကို ခေါ်ရင် လူမှားတတ်လို့ ငါတို့စစ်သားတွေကို သူတို့နာမည်အရင်းကိုပဲခေါ်ကြတယ်"

Poliana က စိတ်သက်သာရာရသွားတယ်..

ပြုံးနေရင်းနဲ့ပဲ Lucius က တခြားစစ်သည်နဲ့ သူမကို မိတ်ဆက်ပေးလိုက်တယ်

"မင်းပိုပြီးသက်သာလာတော့မှ သူတို့နဲ့ မိတ်ဆက်ပေးမလို့ပဲ. ဒါပေမဲ့ အခုလဲ ကောင်းတာပဲ. မင်းတို့တွေက မကြာခဏတွေ့နေရတော့မှာဆိုတော့ အခုတစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကြ"

Poliana က သူမရာထူးနဲ့ ဘယ်နေရာမှာ တာဝန်ပေးခံရမလဲဆိုတာကို မသိသေးဘူး ဒါပေမဲ့ ဒီလူတွေထဲက တစ်ယောက်ယောက်ကတော့ သူမအထက်လူကြီးဖြစ်လာနိုင်သည်

သူမက သူမကိုယ်သူမ သေသေချာချာမိတ်ဆက်လိုက်တယ်

"ကျွန်မက Aehas က Poliana Winter ပါ"

ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်တော့မဲ့ ဒီလူတွေရှေ့မှာ သူမတိုင်းပြည်နာမည်ထည့်ပြောတာက အဓိပ္ပါယ်တော့ သိပ်မရှိဘူးပေါ့.

အနာဂတ်ကာလမှာ သူမအပါအဝင် ဒီအခန်းထဲက လူတွေက သူတို့ရဲ့ သေးငယ်တဲ့တိုင်းပြည်တွေအကြောင်းကို မေ့သွားပြီး ပိုပြီးကြီးမားတဲ့တိုင်းပြည် ဖြစ်လာအောင် စုစည်းသွားနိုင်ဖို့ မျှော်လင့်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now