အခန်း ၁၀၉

79 11 2
                                    

Sir Donau က ပြန်ဖြေလိုက်သည်.

"အကုန်လုံးကတော့ ပတ်ဝန်းကျင်အသစ်မှာ အလုပ်များနေတဲ့ပုံပဲ. Sir Wook ရဲ့ တင်ပြချက်တွေက အတိအကျပါပဲ.. ကျွန်တော်တို့ ဘာမှ ထပ်တင်ပြစရာမရှိပါဘူး.. အို့.. Sir Jainno ကတော့.."

'အမ်.. သူကတော့ သူ့မှာအခက်အခဲရှိတာကို ဝန်ခံမယ်လို့တော့ မထင်ဘူး...'

Poliana က သူမဘာသာတွေးလိုက်သည်.

Sir Wook ဆီက သတင်းအရ Sir Jainno ရဲ့ တပ်ဖွဲ့ကလူတွေနဲ့ စစ်ပွဲကနေပြန်ရောက်လာတဲ့ ကိုယ်ရံတော်တွေကြားမှာ အခြေအတင်ဖြစ်တာတွေက ပိုများလာနေသည်. ဒါက စစ်ပွဲအတွင်းမှာ Lucius က အဆင့်နိမ့်အထက်တန်းလွှာတွေထဲကနေ ကိုယ်ရံတော်တွေ ထပ်မံခန့်အပ်ခဲ့တာကြောင့်ဖြစ်သည်. Sir Jainno ရဲ့ တပ်ဖွဲ့က ကိုယ်ရံတော်တွေအားလုံးက အာဏာရှိပြီး ချမ်းသာတဲ့အထက်တန်းလွှာမိသားစုတွေက ဖြစ်ပြီး သူတို့အဖွဲ့ထဲကို အသစ်ရောက်လာတဲ့လူတွေနဲ့ ပတ်သက်ပြီး သူတို့က ကောင်းမွန်စွာဆက်ဆံခြင်းမရှိခဲ့ချေ.

Donau ကလဲ အဆင့်နိမ့်တဲ့မိသားစုကဖြစ်တာကြောင့် အနိုင်ကျင့်ခံနေရပေမဲ့ သူက သူ့မွေးစားအစ်မကို ဒီအကြောင်းတွေ ပြောပြချင်ပုံမရချေ. သူက သူမကို ယုံကြည်အားကိုးပုံမရတာကြောင့် သူမ စိတ်မကောင်းဖြစ်သွားသည်. ပြီး‌တော့ သူ့အစ်မလိုမျိုးဖြစ်နေတဲ့ Poliana က သူ့ရဲ့ တိုက်ရိုက်အထက်အရာရှိလေ. သူဒုက္ခရောက်နေတဲ့အချိန်မှာ သူက သူမကို မပြောသင့်ဘူးလား?

'Gosh.. သူ့ကိုယ်သူ သန်မာတဲ့ပုံစံဖမ်းနေတာပဲ'

သူတို့က ဆယ်နှစ်တာ အတူတူဖြတ်သန်းခဲ့ကြသည်. Sir Donau ဘာတွေစဉ်းစားနေလဲဆိုတာကို Poliana ပြောနိုင်သည်. သူမအားလပ်ရက်ဖြစ်နေတာကြောင့် သူက သူမကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာဖြစ်သည်. သူက ကြင်နာပြီး စဉ်းစားတွေးခေါ်ပေးတတ်ပုံဖြစ်နေပေမဲ့ သူမကို စိတ်ပျက်အောင်လုပ်မိသလိုပဲဖြစ်နေသည်.

Poliana အခုဘယ်လိုခံစားနေရလဲဆိုတာကို မသိပဲ Sir Donau က Sir Jainno အကြောင်းကို ဆက်ပြောနေသည်. သူက Sir Ainno ရဲ့ညီဖြစ်နေတာကြောင့် Donau က စိတ်ပူခဲ့ပေမဲ့ Sir Jainno က ထူးဆန်းတဲ့အကျင့်ရှိတဲ့လူဖြစ်ပုံမရချေ. Sir Ainno နဲ့ယှဉ်လိုက်ရင် Sir Jainno က တကယ့်လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now