အခန်း ၁၁၅

86 11 0
                                    

Luucius ရဲ့ နှလုံးက အခုထိ စိတ်လှုပ်ရှားစွာနဲ့ ခုန်ပေါက်နေဆဲဖြစ်သည်. သူက Poliana ရဲ့မျက်နှာကိုပဲ ကြည့်ဖို့ သွားခဲ့တာဖြစ်ပေမဲ့ လုံးဝမထင်မှတ်ပဲ သူမဆီကနေ အားကောင်းတဲ့ ပွေ့ဖက်မှုတစ်ခုရခဲ့သည်. သူမက သူ့ကို နံရံဘက်ကို တွန်းကပ်ခဲ့ပြီး အဲ့အကြောင်းကို စဉ်းစားလိုက်တာနဲ့တင် သူ့နှလုံးကို ပိုပြီးတော့ လျင်မြန်စွာ ခုန်ပေါက်နေစေသည်. သူက ဒီလိုမျိုးဖြစ်လာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပဲ ဒီစိတ်လှုပ်ရှားမှုကြောင့် သူညပေါင်းများစွာ အိပ်မပျော်တော့မှာကို သိနေသည်.


Poliana ကတော့ ဧကရာဇ်ရဲ့ လာလည်မှုကြောင့် စိတ်သက်သာရာရနေသည်. သူမကို အလုပ်ပြန်လာလုပ်ဖို့ မခေါ်သေးတာကြောင့် သူမစိတ်ပူနေတာဖြစ်သည်. ဒါပေမဲ့ Lucius က သူမဆီကို လူကိုယ်တိုင်လာခဲ့ပြီး သူက သူမကို မမေ့ဘူးဆိုတာကို သေချာပြောခဲ့သည်.

'ဧကရာဇ် သက်တော်ရှည်ပါစေ!'

သူက တကယ့်ကို အံ့ဩမှင်သက်ဖွယ်ကောင်းတဲ့ အရှင်သခင်ဖြစ်သည်.

ကံကောင်းစွာနဲ့ပဲ Lucius ရဲတိုက်ထဲကခိုးထွက်တဲ့ကိစ္စက လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်ရှိနေသည်. တကယ်တော့ ဒီကိစ္စက ဧကရာဇ်ရဲ့ကိုယ်ရံတော်တပ်ဖွဲ့က အလုပ်သေချာမလုပ်ဘူးဆိုတဲ့ သက်သေဖြစ်ကာ ပြဿနာအကြီးကြီးဖြစ်နေဆဲဖြစ်သည်. Lucius ကတော့ ဒီအချိန်မှာ ဘာကိုမှ သေချာမစဉ်းစားနိုင်သေးပေ. သူပြန်ရောက်လာပြီးတဲ့အချိန်မှာတောင် သူ့စိတ်တွေက လွင့်နေဆဲဖြစ်သည်. သူက ဘာကိုမှ သေချာအာရုံမစိုက်နိုင်ခဲ့ပေ.

ဒီရဲတိုက်ရဲ့ လျှို့ဝှက်လမ်းကြောင်းကို သိတဲ့သူက ၃ ယောက်တည်းသာရှိသည်.

Lucius, Sir Ainno နဲ့ Duke Luzo.

ဧကရာဇ်က ရဲတိုက်ကနေထွက်ပြေးဖို့ အစီအစဉ်မရှိပေ. သူက အပြင်ခိုးထွက်ဖို့လဲ မစဉ်းစားဖူးပေမဲ့ မနေ့ညကတော့ အိပ်ယာထဲမှာ သူလုံးဝအိပ်မပျော်ခဲ့ပေ.

'ငါ သူမကိုတွေ့ဖို့ သွားခဲ့မိတာ အရမ်းကောင်းတာပဲ'


Poliana ရဲ့ ရဲရင့်ပြတ်သားတဲ့ မျက်ဝန်းအစုံအကြောင်း Lucius က မစဉ်းစားပဲ မနေနိုင်ချေ. သူမက သူချစ်မြတ်နိုးတဲ့ အမျိုးသမီးဖြစ်သည်. သူမကို လက်လျော့ဖို့ဆိုတာက နာကျင်စရာဖြစ်ပေမဲ့ သူမ ပျော်ရွှင်ဖို့ကလဲ သူ့အတွက် အရေးကြီးတဲ့ ကိစ္စဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now