အခန်း ၅၇

90 10 1
                                    

Poliana က ပိုးဖိနပ်ဝတ်ကာ လမ်းလျှောက်ကြည့်လိုက်သည်. ဒီဖိနပ်တွေက သူမဝတ်နေကြ စစ်ဖိနပ်တွေလိုမဟုတ်ပဲ ပျော့ပျောင်းပြီးပေါ့ပါးနေတာကြောင့် ဒီဖိနပ်တွေဝတ်ပြီးလမ်းလျှောက်ရတာ သူမအတွက် ထူးဆန်းနေသည်. ဒီမိန်းမဆန်တဲ့ဖိနပ်တွေကြောင့် သူမချော်လဲကျနိုင်တယ်လို့ ထင်လိုက်သည်

Poliana က အနှီးအစိုဝတ်ကာလမ်းလျှောက်နေသလိုမျိုးဖြစ်နေတာကြောင့် အကူတွေက သူမကိုတောင်းပန်လိုက်သည်.

"အဲ့လိုကြီးမလျှောက်ပါနဲ့. အရမ်းထူးဆန်းနေတဲ့ပုံပေါက်နေတယ်"

"အမ်.... ငါဒီဖိနပ်တွေနဲ့ကျင့်သားရဖို့အချိန်နည်းနည်းလောက်လိုတယ် ဒါပေမဲ့ မင်းတို့ရှေ့မှာလေ့ကျင့်ရတာ ငါရှက်တယ်. မင်းတို့အပြင်ထွက်ပြီးခဏလောက်စောင့်ပေးပါလား?ငါ့ဘာသာလေ့ကျင့်ချင်လို့"

"ကောင်းပါပြီ. တစ်ခုခုလိုရင် ကျွန်မတို့ကိုပြောပါနော်"

အကူတွေ အခန်းထဲက ထွက်သွားချိန်မှာတော့ သူမ သက်ပြင်းချလိုက်သည်. သူမ ဗီဒိုကိုဖွင့်လိုက်တော့ အကူတွေ ပြောခဲ့သလိုပဲ သူမရဲ့ပစ္စည်းတွေကို သေသပ်စွာသိမ်းထားတာ တွေ့လိုက်ရသည် သူမဓါးတွေကို ယူသွားပေမဲ့ သူမအဝတ်တွေတော့ရှိသေးသည်. Poliana က အနည်းငယ်စိတ်သက်သာရာရသွားသည်

Poliana အခန်းပြင်ကိုထွက်လာတော့ သူမလမ်းလျှောက်ပုံက ထူးဆန်းနေတုန်းပဲဖြစ်သည်. အကူတွေက သူတို့မျက်နှာပေါ်က စိတ်ရှုပ်တဲ့အမူအရာတွေကို ဖုံးကွယ်လိုက်ကြပေမဲ့Poliana ကတော့ သူတို့ကို လစ်လျှူရှုလိုက်ကာ ခန်းမဆီကို လျှောက်သွားလိုက်သည်. တခြား Acreian စစ်သည်တွေကတော့ ညစာစားနေကြပြီ ဖြစ်သည် စိတ်လှုပ်ရှားဖွယ်ရာ တေးသီချင်းသံတွေက ပျံ့လွှင့်နေပြီး Poliana ကတော့ အစားအသောက်အနံ့တွေရလိုက်သည်. သူမက အသက်ပြင်းပြင်းရှုသွင်းကာ ပြုံးလိုက်သည်

'ဟုတ်ပြီ! စားစရာတွေ!'

တစ်ယောက်ယောက်ကလုပ်ထားတဲ့ အစားအစာတွေကို မြည်းစမ်းရတာ အရမ်းကောင်းတယ်လို့ ခံစားရသည်. Poliana က ဗိုက်မဆာပေမဲ့ သူမက စိတ်လှုပ်ရှားနေသည်

သူမလမ်းလျှောက်ရင်းနဲ့ ဘေးနားမှာဘယ်သူတွေရှိနေလဲဆိုတာကိုပါ စစ်ဆေးလိုက်သည်. Bikpa ပြိုင်ပွဲဝင်တွေက ရောက်မလာသေးပေ. ခုံအမြင့်တွေပေါ်မှာတော့ Bikpa ဘုရင်နဲ့ သူမ သမီးရှိနေသည် ခန်းမထဲမှာ ကပွဲနေရာလဲရှိပြီး နံရံတစ်လျှောက် ခုံအပိုတွေလဲချထားသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now