အခန်း ၁၂၆

65 9 2
                                    

Poliana နဲ့ Sir Jainno တို့က အခင်းဖြစ်ရာနေရာကို ချက်ချင်းရောက်သွားသည်. သူတို့က မိနစ်ပိုင်းအတွင်း ချက်ချင်းရောက်သွားခဲ့တာတောင်မှ ကိစ္စတော်တော်များများက ဖြစ်ပျက်ပြီးနေပြီ. တစ်ယောက်ချင်း ရန်နေကြမဲ့အစား အခုက အုပ်စုလိုက်တိုက်ခိုက်မှုဖြစ်နေခဲ့ပြီ.

"ဘာတွေဖြစ်နေကြတာလဲ?"

တော်ဝင်ကိုယ်ရံတော်တွေက အုပ်စုနှစ်ခုကွဲကာ ရန်ဖြစ်နေကြခြင်းဖြစ်သည်. သူဘာတွေမြင်နေရလဲဆိုတာကို Sir Jainno က မယုံနိုင်ဘူးဖြစ်နေသည်.

"မင်းတို့အရူးတွေလား!"

Poliana ကလဲ အော်လိုက်သည်.

"အားလုံးရပ်ကြစမ်း!"

သူမရဲ့ ကြမ်းရှနေတဲ့အသံက လူတိုင်းကို ရပ်တန့်သွားစေသည်. သူတို့ရန်ဖြစ်တာရဲ့ အကျိုးဆက်ကို မသိလောက်အောင် ဒေါသထွက်နေခဲ့ကြတာဖြစ်ပေမဲ့ Poliana ရောက်လာတော့ သူတို့က ကြောက်လန့်ကာ ရပ်တန့်သွားကြသည်.

ဒါက အလွန်ဆိုးတဲ့ကိစ္စပဲဖြစ်သည်.

တစ်ချို့စစ်သည်တွေက သူမကို ရှင်းပြဖို့ ကြိုးစားလာပေမဲ့ Poliana က သူတို့ကို အခွင့်အရေးမပေးခဲ့ပေ. သူမလက်ထဲမှာရှိတဲ့ သားရေလက်အိတ်နဲ့ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ပါးရိုက်တော့သည်.

Slap! Slap!

ဒီကျယ်လောင်ပြီး ကြောက်စရာကောင်းတဲ့အသံက အနားမှာရှိတဲ့လူတိုင်းကို ကြောက်ရွံ့အေးခဲသွားစေသည်. Poliana က အမိန့်ပေးလိုက်သည်.

"ဒီရန်ပွဲမှာပါတဲ့သူတိုင်းကို ဖမ်းပြီးတော့ အချုပ်ထဲ ထည့်လိုက်. ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါကိုယ်တိုင် အသေးစိတ်စစ်ဆေးမယ်"

တစ်ယောက်မှ ခုခံပြောဆိုလာခြင်းမရှိတော့ပေ. ရန်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူတွေက သူတို့အမှားကို သိနေကြပြီး ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့ကာ အချုပ်ခန်းဆီကို တန်းစီသွားလိုက်သည်. Sir Jainno က စိတ်ရှုပ်စွာနဲ့ တစ်ယောက်ပြီးတစ်ယောက်ကို ကန်နေသည်. ဒါပေမဲ့ Poliana က သူ့ကို ပြောလိုက်တဲ့စကားကြောင့် သူကလဲ တွန့်ဆုတ်သွားသည်.

"မင်းလဲပါတယ် Sir Jainno"

"ကျွန်တော့်ကို ပြောနေတာလား Sir Poliana?"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now