အခန်း ၈၈

92 14 1
                                    

"Shut the f*ck up! အရှင်ရူးနေလား?"

Lucius က မျက်မှောင်ကြုံ့လိုက်ကာ Sir Ainno ရဲ့ကော်လံကို ဆွဲကိုင်လိုက်ပေမဲ့ စစ်သည်က ဧကရာဇ်ရဲ့လက်ကောက်ဝတ်ကို လိမ်လိုက်ကာ ရှောင်ထွက်လိုက်သည်. Lucius က သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး Sir Ainno က တွေဝေထိတ်လန့်နေပုံရကာ အခန်းထဲလမ်းပတ်လျှောက်နေသည်

ဧကရာဇ်ဘက်ကို လှည့်လိုက်ပြီးတော့ စစ်သည်က အတည်ပြုဖို့ ထပ်မေးလိုက်သည်.

"တကယ်ကြီးလား? အတည်ပြောနေတာလား?"

"ဟုတ်တယ်. အမှန်ပဲ"

"အရှင် ကျွန်တော့်ကိုကြည့်!"

Sir Ainno က သူ့လက်ချောင်းနှစ်ချောင်းထောင်ပြကာ မေးလိုက်သည်.

"ကျွန်တော့်လက်ဘယ်နှစ်ချောင်းလဲ အရှင်?"

"နှစ်ချောင်း"

"သေချာမြင်ရရဲ့လား, အမြင်မကြည်တာမျိုး..."

"ငါ့မျက်လုံးတွေ အရမ်းကောင်းတယ် Inno"

ဧကရာဇ်က Sir Ainno ကို ကြည့်ကာ ဆက်ပြောလိုက်သည်.

"ငါရှင်းပြမယ်.."

"ခဏလေး... ကျွန်တော့်စိတ်တွေကို စုစည်းဖို့ အချိန်ခဏလောက်ပေးပါ.. ကျွန်... ကျွန်တော် အရှင့်အကြောင်းကို နားထောင်ဖို့.. ကျွန်တော့်သတ္တိတွေ စုလို့ရပါ့မလားဆိုတာ ကျွန်တော်မသိဘူး"

Sir Ainno က ဝိုင်ပုလင်းကို ကိုင်ကာ မော့ချလိုက်သည်. ပုလင်းတစ်လောက်ကို ရှင်းပြီးချိန်မှာ သူက ထိုင်ချလိုက်သည်. Lucius က သူ့အကြောင်းကို ပြောပြချင်နေပြီး Sir Ainno က သူ့ရဲ့ သစ္စာရှိစစ်သည်အနေနဲ့ ဒီလျှို့ဝှက်ချက်ကို ထိန်းထားဖို့ လိုလာသည်.

ဧကရာဇ်က အသက် ၃၀ ရှိနေပြီ. သူက ကလေးတွေ မွေးလို့တောင် ရနေပြီ. Sir Ainno ရဲ့ညီလေးတောင်မှ ကလေးတစ်ယောက်ရနေပြီ. ဒါတောင် ဧကရာဇ်က အခုမှ သူ့ရဲ့ ပထမဆုံးအချစ်ကို တွေ့ကြုံနေရသည်.

အရွယ်ရောက်ပြီးသား ယောက်ျားရင့်မာကြီးနှစ်ယောက်က အချစ်အကြောင်းကို ဆွေးနွေးဖို့က ရှက်စရာကောင်းပေမဲ့ မတတ်နိုင်ပေ.

ဒီအသက် ၃၀ အရွယ်အမျိုးသားက သူ့ရဲ့အချစ်ပုံပြင်ကို သူ့အယုံကြည်ရဆုံး သူငယ်ချင်းကို စတင်ပြောပြလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now