အခန်း ၁၄၀

68 9 2
                                    

ဧကရာဇ်ရဲ့ သတို့သမီးတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ညစာစားပွဲကို ကျင်းပပေးနေသည်. Lucius က သူတို့ကို မျှမျှတတဆက်ဆံတယ်ဆိုတာကို သေချာအောင်လို့ သူတို့ရဲ့ အသက်အရွယ်အလိုက် အမျိုးသမီးတစ်ယောက်ချင်းစီနဲ့ အစဉ်လိုက် ကနေသည်. သူက သူ့ရဲ့ ကြင်နာမှုကို ပြသဖို့အတွက် သူတို့နဲ့ နောက်ထပ်တစ်ကြိမ် ထပ်ကလိုက်သည်. အမျိုးသမီးတွေက သူတို့ရဲ့ ခင်ပွန်းအသစ်နဲ့ တွဲကခွင့်ရတာကြောင့် လှပစွာပြုံးနေကြသည်.

Lucius က တိတ်တဆိတ်တွေးလိုက်သည်.

'သူတို့က တကယ်ရော စိတ်ကျေနပ်ရဲ့လားဆိုတာ ငါသိချင်တယ်'

အသက်ငယ်ငယ်လေးတည်းက သေချာသင်ကြားပြသခြင်းခံခဲ့ရတဲ့ အမျိုးသမီးတိုင်းက သူတို့ရဲ့ ခံစားချက်တွေကို အမျိုးသားတွေကို ထုတ်မပြတတ်မှန်း သူသိနေသည်. သူတို့က အခုပြုံးရင် ပြုံးနေနိုင်ပေမဲ့ သူတို့စိတ်ထဲမှာတော့ သူတို့ဒီနေရာမှာ ရှိမနေချင်တာကြောင့် ငိုရင်ငိုနေနိုင်သည်. Lucius တောင်မှ သူရဲ့ အဖော်တွေကို သိပ်အာရုံမစိုက်ပေမဲ့ တခြားသူတွေအမြင်မှာတော့ သူက သူ့ရဲ့ သတို့သမီးတွေကြောင့် တိတ်တိတ်ဆိတ်ဆိတ်နေနေပုံရသည်.

'ငါ ဒီလိုလုပ်တာ ရိုင်းတယ်ဆိုတာ သိတယ် ဒါပေမဲ့....'

ဧကရာဇ်က သူတကယ်ချစ်တဲ့ အမျိုးသမီးကို လှမ်းမကြည့်ပဲ မနေနိုင်ချေ. ဒုတိယတပ်ဖွဲ့ရဲ့ခေါင်းဆောင် Poliana ကတော့ လူတွေနဲ့ စကားပြောရင်း အလုပ်များနေသည်. သူမဆီကို ပထမဆုံးချဉ်းကပ်လာတဲ့သူတွေက သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြသည်. ဒီလူတွေနဲ့ နှုတ်ဆက်ပြီးတော့ Poliana ကို သူမတပ်ဖွဲ့က စစ်သည်တွေရဲ့ မိဘတွေက ဆွဲခေါ်သွားကြသည်.

"ကျွန်တော်တို့ သားတွေကို သေချာ ဂရုစိုက်ပေးပါနော်"

"ဟုတ်ကဲ့ပါ.. စိတ်ချပါ"

Lucius က သူမကို နှစ်သက်သဘောကျတယ်ဆိုတာက လူသိများတဲ့အချက်ဖြစ်သည်. ဧကရာဇ်ကို ကာကွယ်ဖို့ မဟုတ်ပဲ သူ့ဇနီးတွေကို ကာကွယ်ဖို့အတွက် ရာထူးချခံခဲ့ရပေမဲ့ သူမကို ဘယ်သူကမှ မလေးမစားမလုပ်ရဲပေ. သူမက အထင်သေးလို့ရတဲ့သူ မဟုတ်ကြောင်း လူတွေက ပြောနိုင်သည်. သူတို့စိတ်ထဲမှာတော့ Marquess Winterက ဒီတိုင်းပြည်မှာ တိုင်းတစ်ပါးသားတွေအနေနဲ့လဲ အောင်မြင်မှုရနိုင်တယ်ဆိုတဲ့ သက်သေဖြစ်သည်. သူမက ဧကရာဇ်ရဲ့ ဘယ်လက်ရုံး ဒါမှမဟုတ် ညာလက်ရုံးတောင်မှ ဖြစ်နိုင်တယ်ဆိုတာကို သိသာနေပြီး သူမဘဝတစ်လျှောက်လုံး အာဏာရှိပြီး ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရှင်သန်သွားမှာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now