အခန်း ၁၄၇

60 7 0
                                    

သူ့ရဲ့မြှားက လုံလောက်တဲ့အကွာအဝေးထိမရောက်ပဲ ပစ်မှတ်ကို လွဲချော်သွားတာကြောင့် Lucius က သက်ပြင်းချလိုက်သည်. သူ့ရဲ့ အမဲလိုက်ခွေးကလဲ စိတ်ပျက်သွားပုံရသည်. ဒီတစ်ခေါက်အပြင်ထွက်လာရခြင်းက လေကောင်းလေသန့်ရဖို့ အဓိကဖြစ်ပေမဲ့ ဘာသားကောင်မှ မရတာကြောင့် ဧကရာဇ်က မကျေမနပ်ဖြစ်နေသေးသည်

'Inno ကို ငါနဲ့အတူခေါ်ခဲ့ရင်ကောင်းသား?'

Sir Ainno က စိတ်ရှုပ်ဖို့ကောင်းပြီး ကျက်သရေမရှိတဲ့ကောင်ဖြစ်ပေမဲ့ သူက အရမ်းတော်တဲ့ အမဲလိုက်သမားဖြစ်သည်. သူ့ရဲ့စိတ်ရှုပ်ဖို့ကောင်းတဲ့ သူငယ်ချင်းကိုခေါ်လာခဲ့ရင် သူတို့က သားကောင်ကောင်း တစ်ချို့ဖမ်းမိမှာ သေချာသည်.

လှုပ်ရှားမှုမရှိတာကြောင့် သူ့ရဲ့အမဲလိုက်ခွေးက ဝလာသလိုပဲ ဧကရာဇ်ရဲ့ အမဲလိုက်စွမ်းရည်ကလဲ အရင်လိုမဟုတ်တော့ပေ. သူ့ကိုယ်သူအမြဲတမ်း တက်တက်ကြွကြွနေသင့်ပေမဲ့ အထိုင်များတဲ့အလုပ်တွေကြောင့် သူ့စွမ်းရည်တွေက ပျက်စီးနေသည်. ပြီးတော့ ဒီနေ့သူခေါ်လာတဲ့ လူတွေက အမဲလိုက်သမားကောင်းတွေ မဟုတ်ကြပေ. Poliana ကလဲ လေးနဲ့ မြှားသုံးတာ မကောင်းသလို သူတို့က အချိန်အများကြီးလဲ မရပေ.

သူမရဲ့ အမဲလိုက်စွမ်းရည်က မကောင်းတာကြောင့် Poliana က စိတ်ပျက်နေသည်. သူမက အမျိုးသမီးတွေကို လက်ဆောင်ပေးဖို့ တစ်ခုခုဖမ်းမိဖို့လိုသည်. အခုနောက်ပိုင်းမှာ ဧကရာဇ်ရဲ့ ဇနီးတွေအပါအဝင် တခြားအမျိုးသမီးတွေဆီကနေ သူမက လက်ဆောင်တွေ လက်ခံရရှိခဲ့သည်. လက်ကိုင်ပုဝါတွေ, ပန်းတွေ, ရေမွှေးတွေ, အလှကုန်ပစ္စည်းတွေ, အင်္ကျီတွေနဲ့ ဖိနပ်တွေ.. Poliana က သူတို့ကို ကျေးဇူးတင်နေပြီး အခုတော့ သူမက ပြန်ပြီးလက်ဆောင်ပေးရမဲ့ အလှည့်ရောက်လာခဲ့ပြီ. ငှက်လှလှလေးတွေဖြစ်ဖြစ် ရှဉ့်လေးတွေပဲဖြစ်ဖြစ် ဖမ်းမိရမှာဖြစ်သည်.

သူမဇာတိမြေကနေ ဒေသထွက် အထူးကုန်ပစ္စည်းတွေကို လက်ဆောင်ပြန်ပေးခဲ့ပေမဲ့ အခုတော့ သူမက ဒီ့ထက်ပိုကောင်းတာ ပေးချင်နေသည်. ပြီးတော့ သူမရဲ့နေရာက ထွက်တဲ့ ပစ္စည်းတွေက ပယင်းကျောက်လိုမျိုး (ကျောက်အဝါရောင်) ဖြစ်တာကြောင့် ဘယ်သူကလိုချင်မှာလဲ?

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now