အခန်း ၁၀၀

80 11 1
                                    

Poliana က Sir Rabi နောက်ကနေ ပင်မအိမ်ကြီးထဲ လိုက်သွားခဲ့သည်. လှေကားပေါ်တက်ကာ လျှောက်လမ်းထဲ လျှောက်လာတော့ သူ စိတ်လှုပ်ရှားလာသည်. နံရံကပ်စက္ကူတွေက ပုံစံပြောင်းသွားပြီး သူမခြေထောက်အောက်က ကော်ဇောကလဲ ပိုပြီး အိစက်နေသည်. အစေခံတစ်ချို့ကို ကျော်ဖြတ်လာပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရောက်သွားခဲ့သည်.

ဒီနေရာက Sir Rabi ရဲ့ သမီးတွေ နေတဲ့နေရာဖြစ်သည်.

အမျိုးသမီးတွေရဲ့ နေရာ

Poliana ကမေးလိုက်သည်.

"ဒါက ရှင့်သမီးတွေနေတဲ့နေရာမဟုတ်လား?"

"ဟုတ်တယ်. ငါ့မိန်းမကို မင်းအကြောင်းပြောလိုက်တော့ သူမက မင်းအတွက် ဒီနေရာမှာ အခန်းပြင်ပေးခဲ့တာ"

Sir Rabi ကလဲ Poliana လိုပဲ အနေရခက်နေပုံရသည်. သူ့သမီးနှစ်ယောက်လုံးကလဲ သူမကို နှုတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေကြသည်. Sir Rabi ရဲ့ ဇနီးတောင်မှ ရှိနေသည်. အမျိုးသမီး ၃ ယောက်က သူမကို စိတ်ဝင်တစားနဲ့ ကြည့်နေကြသည်.

Sir Rabi ရဲ့ ဇနီးက Poliana ကို ပြောလိုက်သည်.

"ညီမက စစ်သားတစ်ယောက်ဖြစ်နေပေမဲ့ လက်မထပ်ရသေးတဲ့အထက်တန်းလွှာက အမျိုးသမီးဖြစ်နေတုန်းပဲ ဒါကြောင့် အစ်မက ညီမကို ဧည့်သည်ဆောင်မှာ စစ်သားတွေနဲ့ အိပ်ခိုင်းလို့ မရဘူးလေ. အစ်မရဲ့အိမ်က ညီမရဲ့ အိမ်ပဲဆိုတော့ ဒီမှာ သက်တောင့်သက်သာနေနိုင်ဖို့ အစ်မမျှော်လင့်တယ်"

"ဒ... ဒါ.. ဒီလောက်မလိုပါဘူး. အစ်မ အရမ်းကြင်နာတတ်တာပဲ"

သမီးနှစ်ယောက်ကလဲ သူမကို နှုတ်ဆက်လာသည်.

"တစ်ခုခုလိုတာရှိရင် ညီမတို့ကို ပြောပါနော်. ညီမတို့ကို အစ်မရဲ့ ညီမလေးတွေလို့ သဘောထားပေးပါ"

အမျိုးသမီးတွေအနေနဲ့ပြောရရင် Sir Rabi ရဲ့ သမီးတွေက တက်တက်ကြွကြွရှိပြီး ကျယ်လောင်တဲ့အသံတွေကို ပိုင်ဆိုင်ထားသည်. သူတို့ကို သေချာတွေ့တော့မှ သူတို့က အမွှာတွေမှန်း Poliana သိလိုက်ရသည်. သူတို့က အဝတ်ဝတ်တဲ့ပုံစံရော ဆံပင်ပုံစံရောမတူတာကြောင့် သူမ အရင်က သတိမပြုမိခဲ့တာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now