အခန်း ၄၈

88 17 0
                                    

Lucius ရဲ့ ကိုယ်ရံတော်ဖြစ်ရတာက ရုပ်ပိုင်းဆိုင်ရာအားဖြင့် သက်သာပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ ပင်ပန်းလေသည်. သူမလည်ပင်းနဲ့ ပခုံးတွေက တောင့်တင်းနေတာကြောင့်
Poliana က အဲ့နေရာတွေကို နှိပ်နေရသည်. သူမက အားလပ်ချိန်မှာခဏနားနေပြီး သိပ်မကြာခင်မှာ သူမရဲ့သင်ခန်းစာအသစ်လေ့လာဖို့ရှိသည်

ဒီနေ့အတွက် ခေါင်းစဉ်က ဧကရာဇ်နားကို ရန်သူတွေ ချဉ်းကပ်လာရင် ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာဖြစ်သည်. ပထမဆုံးသင်ယူရမှာ တစ်ယောက်ယောက်က သူတို့ဆီမှာ ထိခိုက်စေလိုတဲ့ စိတ်ရှိလားဆိုတာ လေ့လာဖို့ဖြစ်သည်.

Poliana က မေးလိုက်သည်.

"ပြီးတော့ လူတွေကို ဘယ်လိုလေ့လာရမလဲဆိုတာကို သင်ယူရမှာလား?"

"အဲ့တာက အတွေ့အကြုံပေါ်မူတည်တယ်. တစ်ချို့လူတွေက မွေးရာပါအစွမ်းတွေရှိတတ်ကြပေမဲ့ အဲ့တာက ရှားပါးတယ်"

"ကြည့်ရတာ ခက်မဲ့ပုံပဲ"

"ဟုတ်တယ်. အဲ့တာက သင်ယူဖို့ အခက်ဆုံးပဲ. ဘယ်သူက အရှင့်ကို တိုက်ခိုက်လာနိုင်လဲဆိုတာ မင်းမသိနိုင်ဘူးလေ. အဲ့တာက ဘယ်သူမဆိုဖြစ်နိုင်တယ် ဧကရာဇ်က အလေးပေးတဲ့သူတွေတောင်ဖြစ်နိုင်တယ်"

Poliana က ပင်ပင်ပန်းပန်းလုပ်ရမှာကို မကြောက်ပေမဲ့ လူတွေကို လေ့လာပြီး ဖတ်တတ်ဖို့ကတော့... ဒါက လုံးဝမတူတော့ဘူးလေ. ပြီးတော့ အဲ့အရည်အချင်းက သူမဆီမှာ မရှိဘူးဆိုတာကို သူမ သိသည် သူမ အရင်တုန်းထဲက မသင်ဖူးသလို လေ့လဲ မလေ့လာဖူးပေ

အခုမှ သင်ယူလေ့လာဖို့က မဖြစ်နိုင်ဘူးဆိုတာ သူမ နားလည်သည်. အစောင့်ကလဲ ဒီအချက်ကကောင်းစွာသဘောပေါက်တာကြောင့် သူမကို ပြောလိုက်သည်

"တကယ်လို့ မင်းစိတ်ထဲ သံသယရှိရင် ငါတို့ခေါင်းဆောင်လိုပဲလုပ်လိုက်"

Sir Ainno! ဟုတ်သားပဲ!

"စကားပြောတာထက် လက်တွေ့လုပ်လိုက်!"

Poliana က သူမက လက်သီးတွေဆုပ်ကာ ခေါင်းငြိမ့်လိုက်ပြီး သဘောတူလိုက်သည်. အစောင့်က သူမကို ချီုးကျူးလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now