အခန်း ၈၂

98 14 2
                                    

Poliana ရဲ့ အပြုံး....

အဲ့ဒီအပြုံးက စစ်မှန်တဲ့ပျော်ရွှင်မှုကနေ ဖြစ်ပေါ်လာတဲ့အပြုံးဖြစ်တယ်.

ဘယ်လောက်တောင် လှပလိုက်လဲ, 


ဒီအပြုံးက သမုဒ္ဒရာထဲ တိုးဝင်ပျောက်ကွယ်သွားတောမဲ့ နေမင်းကြီးထက် ပိုတောက်ပကာ ငေးမောဖွယ်ကောင်းသည်

သူလှည့်ကြည့်တိုင်းမှာ ဒီလိုအမြဲတမ်းဖြစ်ခဲ့သည်. Poliana က Lucius ကို အမြဲတမ်း စိတ်ရင်းနဲ့ ရိုးသားစွာဆက်ဆံသည် သူမမှာ ရှိသမျှအရာအားလုံးနဲ့ သူ့အတွက် သူမက အမှုထမ်းခဲ့သည်. သူမက သူ့ကို သူမရဲ့ဧကရာဇ်, သူမရဲ့အရှင်သခင်, သူမရဲ့ လုပ်ဖော်ကိုင်ဖက် ပြီးတော့ သူမရဲ့ သူငယ်ချင်းလို့ ဆက်ဆံသည်. သူမက ဘယ်တုန်းကမှ မပြောင်းလဲခဲ့သလို သူ့အပေါ်မှာရှိတဲ့ သူမရဲ့ ယုံကြည်မှုကလဲ ဘယ်တော့မှ မယိမ်းယိုင်ခဲ့ပေ.

သူမက အနာဂါတ်မှာလဲ ပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာ Lucius သိနေသည်. 

ဒါပေမဲ့...

သူက ပြောင်းလဲသွားတာဖြစ်သည်... 


ရုတ်တရက်,

သူ့ရဲ့အမြဲလိုလိုရှိနေတတ်တဲ့ တည်ငြိမ်မှုတွေနဲ့ ဆင်ခြင်တွေးတောနိုင်စွမ်းတွေက ဒီအမျိုးသမီးရှေ့မှာ တစ်စစီကျိုးပဲ့သွားခဲ့သည်. သူ့ရဲ့အနာဂါတ်အိပ်မက်တွေတောင်မှ ဒီအခိုက်အတန့်မှာ မှေးမှိန်သွားခဲ့သည်

မြှားနတ်မောင်ရဲ့ မြှားဟာ Lucius ရဲ့ နှလုံးသားတည့်တည့်ကို ထိမှန်သွားခဲ့သည်. ဧကရာဇ်က ရှောင်လွှဲဖို့ အခွင့်မရလိုက်တာကြောင့် အဲ့တာက သူ့အတွက် ရက်စက်ပြီးတော့ မတရားရာကျသွားခဲ့သည်. သူက ဒီအတွက်ပြင်ဆင်ဖို့ အချိန်မရလိုက်သလို သတိပေးချက်လဲမရခဲ့ပေ.

ပြီးတော့ အဆိုးဆုံးက.. ဒီအမျိုးသမီးက သူမ သူ့ကိုဘာလုပ်လိုက်လဲဆိုတာကိုတောင် သတိမပြုမိပေ..

'ဘာလို့လဲ?'

သူက အချစ်ဆိုတာကို မယုံကြည်တာကြောင့် စိတ်ပျက်သွားသည်. သူ့ရဲ့အနာဂါတ်ဇနီးလောင်းအကြောင်း စဉ်းစားခဲ့တုန်းကတောင် သူ့နှလုံးသားထဲမှာ အချစ်ဆိုတာ မရှိခဲ့ပေ. သူ့ဇနီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်ဖို့ပဲ သူမျှော်လင့်ထားသည်. အချစ်ဆိုတာက ကြီးမားတဲ့အပိုဆုသပ်သပ်ဖြစ်ပြီး လိုအပ်နေတာတော့လဲ မဟုတ်ပေ. အချစ်ဆိုတာ သီချင်းတွေ ကဗျာတွေထဲမှာပဲ ရှိခဲ့တာ

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now