အခန်း ၄၉

93 18 0
                                    

Poliana ရဲ့အမေက သူမကို မွေးပြီးပြီးချင်းမှာ သေဆုံးသွားတယ်. သူမက သူမအမေရဲ့ ပုံတူပန်းချီကိုသာ တစ်ခါမြင်ဖူးသည်. ပန်းချီဆရာတွေက သူတို့အတတ်နိင်ဆုံးအကောင်းဆုံးတူအောင် ရေးဆွဲကြတာဖြစ်သည် ဒါကြောင့် သူမအမေက လုံးဝမလှတာမဟုတ်ပဲ ဒီအတိုင်း ဆွဲဆောင်မှုမရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့များသည်. Poliana က သူမအနေနဲ့ ဆင်တာကို သတိပြုမိသည်

ထူးဆန်းဖို့ကောင်းတာက Poliana ရဲ့အဖေက နောက်ထပ် ကလေးမရနိင်တော့တာဖြစ်သည်. သူမမိထွေးက သူမနဲ့ ဘာမှမဆိုင်တော့ ထည့်စဉ်းစားစရာမလိုပေ.

သူမ အဖေတူအမေကွဲညီမ Liana ကတော့ လှပတဲ့မိန်းကလေးဖြစ်တယ်. ဒါပေမဲ့ သူတို့က လုံးဝမတူကြဘူး. သူတို့က ညီအစ်မတွေအများစုမှာ ရှိတတ်ကြတဲ့ အကျင့်တူတာတွေ ပုံစံတူတာတွေ တစ်ခုမှမရှိပေ

သူမက သူတို့တွေနဲ့ အကြာကြီးမနေခဲ့တာကြောင့် Poliana က သူတို့ကို သူမမိသားစုအဖြစ် မမြင်ပေ. အခု သူမက Aehasian တစ်ယောက်မဟုတ်တော့ ပိုဆိုးသွားသည်

စစ်သည်အိုကြီးကမှ သူမအတွက် မိသားစုနဲ့ ပိုတူသေးသည်. သူတို့က တူညီတဲ့အချက်တွေ တော်တော်များများရှိပေမဲ့ စစ်သည်အိုကြီးက သေသွားခဲ့ပြီ. အခုတော့ Poliana မှာ မိသားစုမရှိတော့ပေ

ဒါပေမဲ့ အခုလောလောဆယ်မှာ အရေးအကြီးဆုံးက ဧကရာဇ်ရဲ့ဇနီး, အနာဂါတ်ဧကရီ က အရမ်းချောမောလှပဖို့ လိုတယ်. Poliana က ဒီအချက်ကို သေချာနားလည်သည်

Lucius ဘေးနားမှာ မတ်တပ်ရပ်နိုင်ဖို့အတွက် သူမက သူ့ဘေးနားမှာ မှေးမှိန်နေလို့မဖြစ်ဘူး

Lucius က ရုပ်ဆိုးနေရင်တောင်မှ သူက ဆွဲဆောင်မှုအရှိဆုံးသတို့သားလောင်းဖြစ်နေတုန်းပဲ. သူက မြောက်ပိုင်းဒေသတစ်ခုလုံးကို စုစည်းပေးခဲ့တဲ့သူဖြစ်သည်.

သူက တခြားသူတွေနဲ့မတူတဲ့ဧကရာဇ်ဖြစ်တာကြောင့် သူက ကြင်နာတတ်တဲ့ လှပချောမောတဲ့ ပြီးတော့ ကလေးအများကြီးမွေးပေးနိုင်လောက်အောင် ကျန်းမာတဲ့ အမျိုးသမီးကို လိုအပ်သည်

အဲ့တာက ကောင်းမွန်တဲ့နိုင်ငံတစ်ခုခုက မင်းသမီးတစ်ပါးပါးဖြစ်ဖို့များသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now