အခန်း ၂၉

105 18 0
                                    

'GYAAA!!'

Poliana ရုတ်တရက် အသက်ရှုရပ်တန့်သွားကာ ဖြူဖတ်ဖြူရော်ဖြစ်သွားတယ်. ကြည့်ရတာ ဒီအမျိုးသားတွေရဲ့ စကားဝိုင်းကနေ သူမရဲ့လုပ်ဆောင်မှုကို အကဲဖြတ်တော့မဲ့ပုံဖြစ်နေသည်

Sir Baufallo က သူမကို တစ်ချက်ကြည့်လိုက်ပြီးတော့ ဧကရာဇ်ကို တင်ပြလိုက်သည်.

"သူမ အလုပ်လုပ်တာကောင်းပါတယ်"

"ပြီးတော့ရော?"

"ကျွန်တော့်သားအကြီးက လက်ထောက်အလုပ်နဲ့မသင့်တော်ဘူးဆိုတော့ Sir Poliana လိုမျိုးအလုပ်လုပ်နိုင်တဲ့သူရောက်လာတာက အရမ်းကောင်းပါတယ်. စစ်သားတွေနဲ့ပတ်သက်ပြီး ပြဿနာလေးတွေ နည်းနည်းဖြစ်ခဲ့ပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ. နောက်ထပ်ပြဿနာတစ်ခုရှိနေပေမဲ့..."

Sir Baufallo က တိုက်ခိုက်ခံထားရပုံပေါက်တဲ့ သူ့သားအငယ်ကို ကြည့်လိုက်သည်. Poliana က သူ့ကို မပြောမဆိုပဲနဲ့ တိုက်ခိုက်တာလို့ Donau က ခုခံပြောဆိုနေပေမဲ့ Sir Baufallo က ဒီအကြောင်းတွေကို သေချာသိသည် 

တကယ်လို့ Donau က အသက်ပိုကြီးလာပြီးတော့ အတွေ့အကြုံတွေ ပိုရလာရင်တော့ သူ့အနေနဲ့ Poliana ကို ပြန်တိုက်နိုင်လောက်ပေမဲ့ အခုတော့ အဲ့လိုဖြစ်လာဦးမှာ မဟုတ်ဘူးဆိုတာကို သူသိနေသည်.  

သူ့သားက ဒီအဖြစ်အပျက်တွေ မြန်မြန်သဘောပေါက်ကာ ရင့်ကျက်လာဖို့ပဲ သူမျှော်လင့်သည်

Sir Baufallo က တိတ်တဆိတ်တွေးလိုက်တယ်

'Donau ဆီကနေ မြေးတစ်ယောက်လောက်ရဖို့ မျှော်လင့်ထားတာ ဒါပေမဲ့ ဒီပုံနဲ့ဆိုရင်တော့ Sir Poliana က သူ့ကို မိန်းမစိုးဖြစ်အောင်လုပ်တော့မှာ'

တစ်နေ့နေ့ကျရင် Donau ဘောင်းဘီတွေကို ဆွဲချပြီးတော့ အရာအားလုံးက သူ့နေရာနဲ့သူ အဆင်ပြေပြေရှိနေလားဆိုတာကို စစ်ဆေးဖို့ သူ ဆုံးဖြတ်ချက်ချလိုက်သည်

Sir Baufallo က ဧကရာဇ်ဘက်လှည့်ကာ ဆက်ပြောလိုက်သည်

"အခုရှိနေတဲ့ ပြဿနာကလဲ သိပ်မကြာခင်ပြေလည်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်. Sir Poliana နဲ့ ပတ်သက်ပြီး ပြောရမဲ့တစ်ချက်က သူမက ဘာပဲဖြစ်ဖြစ် အကြမ်းဖက်ပြီး ဖြေရှင်းရတာကို သဘောကျတယ်.. အဲ့တာကလဲ သူမ ကြီးပြင်းလာရတဲ့ အခြေအနေပေါ်မူတည်တယ်လို့ ထင်တယ်. အခုတော့ အဆင်ပြေပေမဲ့ သူမအနေနဲ့ စစ်တပ်ထဲမှာ ကြာကြာနေချင်တယ်ဆိုရင်တော့ သူမ ပြောင်းလဲလိုက်တာ ပိုကောင်းမယ်... သူမလုပ်နိုင်မယ်လို့လဲ ကျွန်တော်ထင်ပါတယ်"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now