အခန်း ၁၉၅

57 4 0
                                    

Poliana ကို ကြည့်နေရင်းနဲ့ Lucius မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လာခဲ့သည်. မျက်ရည်တွေက သူ့ပါးပေါ်ကို စီးကျလာချိန်မှာတော့ Poliana က နာကျင်မှုကြောင့် မညီးတွားခင်မှာ သူမလက်တွေကို အထိတ်တလန့်နဲ့ ဝှေ့ရမ်းလိုက်သည်. သူမဧကရာဇ်ရဲ့ စဉ်းစားတွေးခေါ်ပေးတတ်မှုကြောင့် သူမရဲ့မျက်ဝန်းထဲမှာလဲ မျက်ရည်တွေ ပြည့်လာခဲ့သည်. သူက သမိုင်းတစ်လျှောက်မှာ အကြင်နာတတ်ဆုံး အုပ်ချုပ်သူဖြစ်ရမယ်.

Lucius က သူမကို တောင်းပန်ကာ ပြောလိုက်သည်.

"ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီးတော့ ဒီလိုမျိုး ဘယ်တော့မှ ထပ်မလုပ်ပါနဲ့. မင်းကို အဲ့လိုဆုံးရှုံးရအောင် မလုပ်ပါနဲ့. မင်းတစ်ယောက်တည်းက ငါ့.."

ရုတ်တရက် လှည်းကရပ်တန့်သွားပြီး Poliana က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတော့မလိုဖြစ်သွားပေမဲ့ ဧကရာဇ်က သူမကို တင်းကျပ်စွာနဲ့ ဆုပ်ကိုင်ထားလိုက်သည်. လှည်းတံခါးခေါက်သံမကြားရပဲ တံခါးပွင့်သွားကာ Sir Ainno က ကျယ်လောင်စွာနဲ့ ပြောလာသည်.

"အရှင် Yapa ကနေ အရေးပေါ်သတင်းရောက်လာတယ်. Duke Luzo က အဲ့သတင်းကို သူကိုယ်တိုင်လက်ခံခဲ့တာ အခု သူက အရှင့်ဆီ သတင်းလာပို့တာ"

Duke Luzo ကိုယ်တိုင် အရေးတကြီးသတင်းလာပို့တာဖြစ်တာကြောင့် အဲ့တာက အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်ရမည်. Lucius ရဲ့မျက်နှာမှာ စိတ်ပူပင်မှုတွေ ထင်ဟပ်လာသည်. သူက Sir Ainno လက်ထဲက စာကို ယူကာ ဖတ်လိုက်တော့ Lucius ရဲ့မျက်နှာက ပိုပြီးတော့တောင် ဆိုးရွားသွားသည်. Poliana က စိတ်ပူစွာနဲ့ မေးလိုက်သည်.

"အရှင်. ဘာဖြစ်လို့လဲ? Yapa မှာ တစ်ခုခုဖြစ်လို့လား?"

"မင်း စိတ်ပူစရာမလိုပါဘူး Sir Pol. မင်း ဒီအတိုင်း နားနေပါ"

"ဒါပေမဲ့ အရှင်.. ဘာတွေဖြစ်နေတာလဲ? အရှင်ဘာလို့ စိတ်ဆိုးနေတာလဲ? တကယ်လို့ အရှင့်ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် ကျွန်မ ကူညီနိုင်တယ်. ကျေးဇူးပြုပြီး ကျွန်မကို အသိပေးပါ"

"Sir Pol.. ငါ..."

Lucius က သူ့သွားတွေကို ကျိတ်လိုက်သည်. သူက စကားလုံးတွေကို ထုတ်ပြောချင်သည်. သူမကို ချစ်တယ်ဆိုတာကို ဖွင့်ပြောချင်ပေမဲ့ ဘယ်တော့မှ အခွင့်အရေးရမှာမဟုတ်ဘူးဆိုတာကို သိနေခဲ့သည်. ဧကရာဇ်က Poliana ကို ဝမ်းနည်းစွာနဲ့ ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now