အခန်း ၅

143 28 0
                                    

Acreia ရဲ့ မြောက်ပိုင်းက လူတွေအသက်ရှင်နေထိုင်ဖို့အတွက် အရမ်းအေးလွန်းတယ် ပြီးတော့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကတော့ ရေခဲပင်လယ်တွေနဲ့ ဝန်းရံထားတယ်

တောင်ပိုင်းနယ်စပ်တစ်ခုကပဲ Aehas နဲ့ Kukda နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်. ပိုလာဝက်ဝံတွေ တိုက်ပွဲဖြစ်ဖို့ မစီစဉ်မချင်း Acreia အနေနဲ့ စစ်ပွဲမှာ ပါဝင်လာနိုင်ခြေက နည်းတယ်

Kukda နဲ့ Aehas က ရာစုနှစ်နဲ့ချီအောင် တိုက်ပွဲဖြစ်နေချိန်မှာ တတိယနိုင်ငံအနေနဲ့ Acreia ကလဲ စစ်ပွဲမှာ ပါဝင်လာတော့မယ်

Acreia ရဲ့နယ်မြေတွေက စိုက်ပျိုးရေးမဖြစ်ထွန်းဘူး. တကယ်လို့ တိုက်ပွဲအတွက် သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်တွေကို စစ်တပ်ကိုထောက်ပံ့ပေးနေပြီဆိုရင်တော့ ဦးတည်ချက်က သိသာနေပြီ

အဲ့တာက နောက်ထပ်နိုင်ငံတွေကို သိမ်းပိုက်ဖို့ဖြစ်တယ်

Poliana က သူမရဲ့ကျန်ရှိနေတဲ့အားလပ်ရက်တွေကို လက်လွတ်လိုက်ပြီးတော့ အခြေစိုက်စခန်းကို ပြန်သွားလိုက်တယ်.

သူမရဲ့အထက်အရာရှိတွေကို သူမရှာဖွေတွေ့ရှိခဲ့တာတွေကို ချက်ချင်းသတင်းပို့လိုက်ပေမဲ့ သူတို့တွေက ခါတိုင်းလိုပဲ သူမကို လစ်လျှူရှုထားကြသည်

"Acreia ကလား? Acreia က ငါ့တို့ကို တိုက်ခိုက်မယ်လို့ မင်းထင်တာလား? မင်း ငတုံးလား? မိန်းမတစ်ယောက်ကပဲ ဒီလို အခြေအမြစ်မရှိတာပုံပြင်တွေကို စဉ်းစားနိုင်တယ်"

"ဒါပေမဲ့ ဒါက အမှန်ပါ. အဲ့တာ အရမ်းသိသာနေတာ Sir. တကယ်လို့ Acreian စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို ကြည့်လိုက်မယ်ဆိုရင် သိလာလိမ့်မယ်. ကျွန်မတို့ သူတို့အစီအစဉ်တွေကို ထောက်လှမ်းဖို့ လူလွှတ်သင့်တယ်"

"ဒါက မင်းအတွက် ပထမဆုံးတိုက်ပွဲဝင်တဲ့ နှစ်မဟုတ်ဘူး မိန်းကလေး.. မင်း ဒီမှာ ၆ နှစ်ကြာ ရှင်သန်ပြီးတာတောင် ဒီလိုအခြေအမြစ်မရှိတာတွေကို လိုက်လေ့လာနေတုန်းပဲလား. ငါတို့မှာ အဝေးကို ပို့ဖို့ စစ်သားတွေမရှိဘူး Kukda နဲ့ ငါတို့တိုက်ပွဲက စတော့မယ်. ဒါက ငါတို့သမိုင်းမှာ အကြီးကျယ်ဆုံးနဲ့ နောက်ဆုံးတိုက်ပွဲပဲ"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now