အခန်း ၃၅

104 17 0
                                    

Donau မေးလိုက်သည်

"ဒါနဲ့ ခင်ဗျားရဲ့အစီအစဉ်က ဘာလဲ, Sir Poliana?"

"ဒီနေရာက 'Kelpie'ဖြတ်သွားတဲ့နေရာဆိုတာ သေချာတယ်, ဒါပေမဲ့ အခုမှနွေရာသီပဲရှိသေးတာဆိုတော့ ငါတို့ဘာမှလုပ်လို့မရသေးဘူး. ငါတို့ မြစ်ရေမျက်နှာပြင် ကျသွားတဲ့ နွေကုန်တဲ့အထိစောင့်ရမယ်. အဲ့ကျရင် ငါတို့ ထပ်စစ်ဆေးရမယ်"

Poliana က မြေပုံထုတ်လိုက်ပြီးတော့ အမှတ်အသားလုပ်လိုက်သည် သူမက ရေရွတ်လိုက်တယ်

"ဒီနေရာပဲ. ဒီနေရာကနေ ငါတို့မြစ်ကို ဖြတ်လို့ရလောက်မယ်"

"ဒါပေမဲ့ မြင်းစီးပြီးတော့ပဲဖြတ်လို့ရမှာလေ. လူတွေက ဒီအတိုင်းဖြတ်လို့မရလောက်ဘူး Sir Poliana"

"ငါသိတယ်, ဒါပေမဲ့ အရှင့်ဆီမှာ ငါ့ထက်အရည်အချင်းရှိတဲ့ စစ်သည်တွေအများကြီးရှိတယ်. သူတို့ထဲကတစ်ယောက်ယောက်က အဖြေရှာနိုင်လိမ့်မယ်လို့ ငါထင်တယ်"

"အဲ့တာဆို အခု ကျွန်တော်တို့ရေကျသွားတာကိုပဲ စောင့်ရမှာပေါ့နော် Sir Poliana"

"အင်း.. ဒါပေမဲ့အရမ်းတော့ မကြာလောက်ဘူး.. ဒါနဲ့..."

Poliana က သက်ပြင်းချကာပြောလိုက်သည်

"Donau မင်းအနေနဲ့ ရုတ်တရက်ကြီး တလေးတစားပြောနေဖို့ မလိုပါဘူး. ခါတိုင်းလိုပဲ မင်းပြောနေကျအတိုင်းပဲပြောစမ်းပါ"

".. ခင်ဗျားက တော်တော်ကျေးဇူးမသိတတ်တာပဲ"



Lucius က Poliana ပို့လိုက်တဲ့ စာကိုဖတ်ပြီး‌တော့ သူ့ကိုယ်ပိုင်မြေပုံကို ထုတ်လိုက်သည်. သူက Poliana ပြောတဲ့နေရာကို အမှတ်အသားလုပ်လိုက်သည်

ဒီသတင်းကို ဘယ်လိုအသုံးချရမလဲဆိုတာကို ဧကရာဇ်က စဉ်းစားနေသည်. Poliana ပြတဲ့နေရာက Bebero စစ်စခန်းကနေ တစ်နာရီခန့် မြင်းစီးသွားရတဲ့ အကွာအဝေးမှာ ရှိသည်.

တကယ်လို့ အဲ့နေရာက မှန်နေရင်တောင် ရန်သူတွေက သူတို့အစီအစဉ်တွေကို ခန့်မှန်းမိနေမယ်ဆိုရင် အဲ့တာက အလုပ်ဖြစ်မှာမဟုတ်ဘူး

ဒီဟာ အလုပ်မဖြစ်လောက်ပေမဲ့ Poliana ရဲ့ လုပ်ဆောင်ချက်ကို Lucius က အရမ်းမျှော်လင့်ထားသည်. သူမ ပြန်လာတာနဲ့ တခြားတပ်ဖွဲ့ကို ပြောင်းပေးချင်နေသည်. သူ့လူတွေက ဒီအကြံကို ဆန့်ကျင်မှာ သိပေမဲ့ Poliana ကို ထောက်ပံ့တပ်ဖွဲ့မှာထားဖို့က အရမ်းနှမြောစရာကောင်းနေသည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now