အခန်း ၈၅

85 12 0
                                    

ဧကရာဇ်က အခုမှ အသက် ၃၀ ကျော်လေးပဲရှိသေးတာကြောင့် တခြားကျန်းမာရေးကောင်းတဲ့လူငယ်တွေလိုပဲ ပြင်းပြတဲ့စိတ်ဆန္ဒရှိတာက အဓိပ္ပါယ်ရှိသည်. စစ်အတွင်းမှာတောင်မှ သူ့ဆီကို အမျိုးသမီးတွေလာနေတာကို သူမ တွေခဲ့ဖူးတာကြောင့် အထူးအဆန်းတော့မဟုတ်ပေ. ဒါပေမဲ့ Poliana စဉ်းစားနေတာက အခုနောက်ပိုင်းမှာ Lucius က ဘယ်အမျိုးသမီးကိုမှ မငြင်းဆန်တာဖြစ်သည်.

ဧကရာဇ်အနေနဲ့ အမျိုးသမီးတွေ သူ့အခန်းထဲလာတာကို ငြင်းဆန်လေ့မရှိပေမဲ့ သူ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ သူတို့က စကားပြောတာနဲ့ အရက်သောက်တာလောက်ပဲ လုပ်ဖြစ်ကြတာများသည်. ဒါပေမဲ့ အခု သူတို့ Acreiaကို ပြန်တဲ့လမ်းတစ်လျှောက်မှာတော့ သူက ဘာမေးခွန်းမှမမေးတော့ပဲ ဒီအမျိုးသမီးတွေကို သူ့အိပ်ယာထဲ တန်းခေါ်သွားနေသည်.

ဒါက ဧကရာဇ်ရဲ့ သီးသန့်အစေခံရဲ့အလုပ်ဖြစ်ပြီးတော့ စစ်သည်ရဲ့ တာဝန်မဟုတ်ချေ. ဒါပေမဲ့ သူ့ကိုယ်ရံတော်အနေနဲ့ Poliana က ဧကရာဇ်ရဲ့ ကိုယ်ခံအားအတွက် စိတ်မပူပဲ မနေနိုင်ချေ. သူက အမျိုးသမီးတစ်ယောက်နဲ့ တစ်ညလုံးအချိန်ဖြုန်းနေတာက သူ့ကျန်းမာရေးကို မထိခိုက်လာနိုင်ဘူးလား? Lucius က ကျန်းမာရေးကောင်းတဲ့လူငယ်ဖြစ်ပေမဲ့ Poliana ကတော့ စိတ်မပူပဲ မနေနိုင်ချေ.

Poliana က Donau ကို လျှောက်လမ်းမှာတွေ့လိုက်သည်. Sir Donau က သူမကို ပြောလိုက်သည်

"ကြည့်ရတာ အရှင်က ညတိုင်းအလုပ်များနေပုံပဲ"

သူတို့ဧကရာဇ်အကျင့်ပြောင်းသွားတာကို စိတ်ပူနေတာက Poliana တစ်ယောက်တည်းမဟုတ်ပေ.

Poliana က ပြန်ဖြေလိုက်သည်.

"ဟုတ်တယ်. ကြည့်ရတာ စစ်ပွဲဖြစ်နေတုန်းက သူအရမ်းထိန်းချုပ်ခဲ့ရတယ်ထင်တယ်. အခု သူက စိတ်အေးလက်အေးနေလို့ရပြီဆိုတော့ သူ့ရဲ့ညဘက်အလုပ်တွေက ပိုတက်ကြွလာပုံပဲ"

တစ်ချို့လူတွေက စစ်ပွဲအတွင်းမှာတောင် မိန်းမတွေကို ခေါ်လေ့ရှိပြီး တစ်ချို့ကတော့ အမျိုးသမီးတစ်ယောက်နဲ့ ပျော်ရွှင်ဖို့က လုံခြုံစိတ်ချရဖို့နဲ့ စိတ်အေးလက်အေးရှိဖို့လိုတယ်လို့ ထင်ကြသည် လူတိုင်းကတော့ သူတို့ကိုယ်ပိုင် ရပ်တည်ချက်တွေရှိကြသည်. ပထမတော့ ဧကရာဇ်က အမွေဆက်ခံသူရဖို့ ကြိုးစားနေတာလို့ ထင်ပေမဲ့ ဒီကိစ္စအတွက်ဆိုရင်တော့ သူက အထက်တန်းလွှာက အမျိုးသမီးတွေကို မငြင်းဆန်သင့်ပေ.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now