အခန်း ၃၁

103 21 0
                                    

ဧကရာဇ်ရဲ့ တဲထဲကနေ ထွက်လာချိန်မှာတော့ Sir Howe က Donau ကို ရေအေးတွေနဲ့ ပက်လိုက်တယ်Donau က ထအော်တော့တယ်

"What the!? အစ်ကို အခုဘာလုပ်တာလဲ?"

"မင်းမူးနေလို့"

"မမူးဘူး ကျွန်တော် မမူးဘူးလို့!"

သူတို့က ဆက်ပြီးတော့ ငြင်းခုံနေကြပြီး Poliana ကတော့ သူတို့ကို တိတ်ဆိတ်စွာနဲ့ စောင့်ကြည့်နေသည်. Sir Baufallo က သူမဆီကိုရောက်လာပြီးတော့ တည်ငြိမ်စွာနဲ့ ပြောလိုက်သည်

"အမ်. Sir Poliana ငါ အရှင့်ကို ပြောလိုက်တာနဲ့ပတ်သက်ပြီးတော့ မင်း စိတ်မကောင်းမဖြစ်ဖို့ ငါမျှော်လင့်တယ်"

"မဖြစ်ပါဘူး Sir! ကျွန်မ ကြားဖူးသမျှ သုံးသပ်ချက်တွေထဲမှာ ရှင့်သုံးသပ်ချက်က သဘောထားအကြီးဆုံးပဲ"

"အရှင်က မင်းကို စစ်သည်အဖြစ်လက်ခံပေမဲ့ ငါ့အမြင်ကတော့ မပြောင်းသေးဘူး.. အမျိုးသမီးစစ်သည်တစ်ယောက်.. ဒီစကားလုံးရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို ငါနားမလည်နိုင်သေးဘူး. မင်း ဒီနွေရာသီပြီးလို့ မင်းအိမ်ပြန်သွားရင် မင်းကို အပျိုကြီးလို့ ယူဆကြဦးမှာပဲ.. ငါတို့ မြစ်ကိုဖြတ်တာအောင်မြင်သွားလို့ တောင်ဘက်ပိုင်းကို ဆက်သွားရင်တော့... မင်းအတွက် မျှော်လင့်ချက်မရှိတော့ဘူး. အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို အသက် ၄၀ အရွယ် အမျိုးသားစစ်သည်တစ်ယောက်က လက်ထပ်ဖို့လွယ်ပေမဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ မတူတော့ဘူး မင်းတစ်သက်လုံးတစ်ယောက်တည်းနေတော့မို့လား?"

"ကျွန်မအတွက် စိုးရိမ်နေတယ်ဆိုတာ ကျွန်မသိပါတယ်. ကျွန်မစစ်သည်တစ်ယောက်ဖြစ်လာတာက ကျွန်မရွေးချယ်မှုကြောင့် မဟုတ်ခဲ့ဘူးဆိုတာ မှန်ပါတယ် ကျွန်မ ဖိအားပေးခံခဲ့ရတာ. ဒါပေမဲ့ အရှင့်ရဲ့စစ်သည်ဖြစ်လာတာက ကျွန်မရဲ့ရွေးချယ်မှုပါ ကျွန်မ လက်ထပ်လို့မရပဲ တစ်သက်လုံး တစ်ယောက်တည်းဖြစ်နေရင်တောင် ကျွန်မရွေးချယ်မှုအတွက် နောင်တမရဘူး"

"... အဲ့ဒီတုန်းက မင်းငါ့ကို မမြင်မိလောက်ဘူး.. မင်း အရှင့်ဆီမှာ သစ္စာဆိုတုန်းက ငါလဲ အဲ့နေရာမှာ ရှိခဲ့တယ်"

Emperor and the Knightness (Zawgyi) Book - 1On viuen les histories. Descobreix ara