အခန်း ၉၄

74 10 0
                                    

စစ်ပြီးသွားပေမဲ့ Cranbell ရဲတိုက်နားမှာတော့ စစ်သည်တွေအများကြီး ရှိနေသေးသည်.ကင်းလှည့်အဖွဲ့က အထိတ်တလန့်ဖြစ်သွားကာ စစ်သည်ခေါင်းဆောင်နာမည်ကို မေးလိုက်သည်

အမျိုးသမီးစစ်သည်က ကျယ်လောင်စွာနဲ့ ပြောလိုက်သည်.

"ငါက အရှင့်ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် Poliana Winter ပဲ"

သူတို့က သူမနာမည်ကို ကြားဖူးထားပေမဲ့ သူမက သူတို့ရဲ့ သခင်မဟောင်း Lady Cranbell ဖြစ်နေမှန်း အစောင့်တွေက မမှတ်မိကြချေ. Poliana Winter ရဲ့ ကောလဟာလတွေက Cranbell အနှံ့ ပျံ့နှံ့နေပေမဲ့ သူမက Poliana Cranbell ဖြစ်ခဲ့ဖူးတယ်ဆိုတာကိုတော့ လူအနည်းငယ်သာ သိကြသည်. Cranbell မိသားစု ဒီအကြောင်းတွေကို လူတွေမသိအောင် ဖုံးကွယ်ထားခဲ့တာဖြစ်သည်

ဒေသခံအစောင့်တွေက Poliana နဲ့ သူမလူတွေကို မတားဆီးတော့ပေ. သူတို့ Cranbell ရဲတိုက်ထဲကို ဝင်သွားချိန်မှာ အမျိုးသမီးစစ်သည်က ခေါင်းဆောင်ဖြစ်နေတာကို တွေ့တော့ လူတွေက လန့်သွားကြသည်. Cranbell မိသားစုမှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့တဲ့ အကူတစ်ယောက်ကတော့ သူမကို မှတ်မိသွားကာ ခေါ်လိုက်သည်.

"Lady Poliana!"

"မင်း ငါ့ကို သခင်မ လို့ ခေါ်လို့ရတယ်. Cranbells တွေ ဒီမှာနေကြသေးလား?"

"ရှင်? အမ်.. ဟုတ်ကဲ့ သူတို့နေပါတယ်"

"ပြီးတော့ Liana ကရော လက်ထပ်လိုက်ပြီလား? သူမကရော ဒီမှာပဲနေတာလား?"

"သခင်က အငြိမ်းစားယူလိုက်ပြီး သခင်မက ဒီနေရာကို စီမံခန့်ခွဲနေတာပါ"

"သူ့ကို သခင်လို့ ခေါ်စရာမလိုတော့ဘူး. အရှင်က ဒီနယ်မြေကို ငါ့ကိုပေးလိုက်ပြီ. ဒါကြောင့် ဒီအကြောင်းကို လူတွေသိအောင် ဖြန့်လိုက်"

သူမထွက်သွားပြီးတည်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို အကူက ရှင်းပြလာသည်. စစ်သားတွေကို မုန်းတဲ့ Liana က Cranbell မှာ တာဝန်ကျနေတဲ့ Acreian အရာရှိတစ်ယောက်ကို ဆွဲဆောင်ကာ လက်ထပ်လိုက်နိုင်သည်. Cranbell မိသားစုက ဒီမြို့ရဲ့ တရားဝင်အကြီးအကဲမဟုတ်တော့ပေမဲ့ သူတို့က အရာအားလုံးကို စီမံခန့်ခွဲနေဆဲဖြစ်သည်. ကြည့်ရတာ သူတို့က အဆင်ပြေနေပုံ ပေါက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now