အခန်း ၇၅

80 13 1
                                    

Lucius မျက်လုံးဖွင့်လိုက်တော့ သူ့ကိုယ်သူ Poliana ရဲ့တဲထဲက အိပ်ယာပေါ်မှာ အိပ်နေတာကို တွေ့လိုက်ရသည်. ပထမတော့ သူ့စစ်သည်ရဲ့ အိပ်ယာကို ယူအိပ်မိလို့ စိတ်မကောင်းဖြစ်မိသွားပေမဲ့ နောက်တော့ သူမတဲမှာ အိပ်မိတဲ့အတွက် ဖြေရှင်းလို့မရတော့တဲ့ သတင်းတွေ ထွက်လာမှာကို စိုးရိမ်မိသွားသည်.

သူက တဲထဲကနေ အလျင်အမြန်ထွက်သွားလိုက်ပေမဲ့ နေမြင့်နေပြီဖြစ်တာကြောင့် လူတော်တော်များများက သွားလာလှုပ်ရှားနေကြပြီဖြစ်သည်. သူတို့တွေက သူ့ကို Poliana ရဲ့တဲထဲကနေ ထွက်လာတာကို တွေ့လိုက်ကြပေမဲ့ ဧကရာဇ်နဲ့ စစ်သည်ကြားမှာ ဘာမှမဖြစ်ကြဘူးဆိုတာကို ဘယ်သူကမှ သံသယမဝင်ကြပေ.

Lucius က Poliana ကို ပြောလိုက်သည်.

"ကြည့်ရတာ ဘယ်သူမှ ငါတို့အကြောင်း ပြောမဲ့ပုံမရှိဘူး. သူတို့က သိတောင်မသိချင်ကြဘူးပဲ"

"အတိအကျပဲ အရှင်"

"ဒါပေမဲ့. ကျန်းမာတဲ့အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က တစ်ညလုံးအတူတူရှိနေတာလေ.."

"ကြည့်ရတာ လူတိုင်းက ကျွန်မတို့ကို ယုံကြည်ပုံရတယ် အရှင်. အဲ့တာ ကောင်းတဲ့လက္ခဏာပေါ့"

"မင်းပြောတာမှန်တယ် Sir Pol. လူတိုင်းက ငါတို့ကြားက ဆက်ဆံရေးအရမ်းကောင်းတယ်ဆိုတာ သိနေကြတာပဲ. မင်းက ငါ့ကို ယောက်ျားတစ်ယောက်လို့ မမြင်သလို ငါကလဲ မင်းကို မိန်းမတစ်ယောက်လို့ မမြင်ဘူး.. ဘယ်လောက်အံ့ဩစရာကောင်းလဲ."

ဧကရာဇ်က ဂုဏ်ယူစွာနဲ့ ပြုံးလိုက်သည်



နောက်ဆုံးတိုက်ပွဲမှာ ရှုံးနိမ့်သွားပြီးတဲ့နောက် Mongsheim က အညံ့ခံလာသည်. ပြီးတော့ တခြားတိုင်းပြည်နှစ်ခုက သိမ်းယူရာမှာ ပိုလွယ်ကူလာသည်. Oz ရဲ့ ကာကွယ်ရေးစနစ်က အားနည်းလာပြီး Kopi ကလဲ သူ့ရဲ့ ဉာဏ်များတဲ့လှည့်ကွက်တွေ နည်းလမ်းတွေသုံးကာ Oz ကို ကူညီဖို့ ကြိုးစားနေသည်.

တစ်ရက်မှာတော့ Kopia က သံတမန်ရောက်လာပြီး Lucius နဲ့တွေ့ခွင့်တောင်းလာသည်. Kopi ဘုရင်ရဲ့မိခင်က ကွယ်လွန်သွားတာကြောင့် နာရေးအတွက် စစ်ပွဲခဏရပ်ဖို့ တောင်းဆိုလာသည်. Acreian ဧကရာဇ်က တောင်းဆိုချက်ကို ယုံကြည်ခဲ့ကာ Kopi ကို အပိုင်သိမ်းပိုက်ခါနီးဖြစ်ပေမဲ့ တိုက်ခိုက်မှုကို ရပ်တန့်ပေးခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now